Part 43 (U)

6.2K 626 127
                                    

Maw Konn

တစ်ဖက်ကပြောနေသောစကားတွေကိုနားထောင်နေရင်း မော်ကွန်းမျက်ခုံးတန်းတွေကအတွေးနက်လာသောဟန်ဖြင့်တွန့်ချိုးလာ၏။ အကြောင်းအရာအချို့ကိုမှတ်သားရေးခြစ်နေရင်း သက်ပြင်းမောကိုချလိုက်မိသည်။

"ဟုတ်ကဲ့ဖေဖေ၊ ကျွန်တော်စုံစမ်းပေးပါ့မယ်။ ဖေဖေရောနေရတာသက်သာရဲ့လား"

"..."

"ကျန်းမာရေးကိုပဲဂရုစိုက်ပါဗျာ၊ ကျန်းမာမှစိတ်သွားတိုင်းကိုယ်ပါနိုင်မှာပေါ့"

"..."

"ခရီးကတော့မထွက်တာအကောင်းဆုံးပေါ့ဖေဖေရယ်။ ကျန်းမာဖို့ကအရေးကြီးဆုံးမဟုတ်လား။ စိတ်ချထားလိုက်ပါ၊ အတတ်နိုင်ဆုံးစုံစမ်းပေးထားပါ့မယ်။ စိတ်အေးလက်အေးအနားယူပါဗျာ၊ ဒီကိစ္စကိုကျွန်တော့်တာဝန်ထားလိုက်ပါ"

"..."

"ဘာအဆင်မပြေစရာရှိလဲဖေဖေရယ် အားလုံးအဆင်ပြေပါတယ်။ ဖေဖေ့သားမက်လေးက ခုဆိုကျွန်တော့်အနားမှာနေချိန်တောင်သိပ်မရှိတော့ဘူး။ တက်လိုက်ရတဲ့ညစာစားပွဲ၊ သွားလိုက်ရတဲ့ဖွင့်ပွဲတွေ အခမ်းအနားတွေဆိုတာ အခုကျွန်တော်ငုတ်တုတ်မေ့နေပြီဗျ"

"..."

"ဘယ်အရွယ်ရှိသေးလို့အကောင်ပေါက်ရမှာလဲဖေဖေရယ်။ မွေးလာရင်လည်းပေးမပေးက ကျွန်တော်ဆုံးဖြတ်ပေးလို့မရပါဘူး။ နွေ့ဆီကတောင်းကြည့်ပေါ့၊ ဖေဖေတောင်းရင်ပေးမယ်ထင်တာပဲ"

"..."

"ကြောက်စရာလား၊ အဲတာချစ်တာ ချစ်တာလို့ခေါ်တယ်ဗျ"

"..."

"ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်နေကြတာပဲ။ ဖေဖေသာကျန်းမာရေးကိုဂရုစိုက်၊ နေကောင်းရင်ခရီးသွားကြမယ်လေ။ နေကောင်းအောင်သာနေပါဗျာ"

ဖုန်းကိုချလိုက်ရင်းနာရီကိုကြည့်လိုက်မိတော့ နေ့လယ်စာစားချိန်ရောက်နေပြီဆိုတာကိုသိလိုက်တာနဲ့ နွေရှိရာအောက်ထပ်ရုံးခန်းဆီကိုဆင်းလာခဲ့သည်။ မှာထားတဲ့နေ့လယ်စာတွေကရောက်နေပြီ၊ နွေ့ကိုခေါ်ပြီးအပေါ် ထပ်ပြန်တက်လာစဉ် နွေ့လက်ထဲကိုင်လာသောစားလက်စသစ်အယ်သီးထုပ်ကိုမြင်လိုက်ချိန်...။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now