Part 44 (U)

7.4K 671 260
                                    

Maw Konn

ချိန်းဆိုထားသောဧည့်သည်နှင့်တွေ့ဆုံပြီးပြန်ထွက်လာစဉ် ဟိုတယ် Lobby ကအဖြတ် ရင်းရင်းနှီးနှီးခေါ် ဆိုလိုက်သံတစ်ခုကြောင့်လှည့်ကြည့်လိုက်ချိန်...။

"Randy !!"

ထင်မှတ်မထားသူကိုမထင်မှတ်ဘဲတွေ့လိုက်မိချိန်တွင် ခေတ္တကြောင်ငေးနေမိ၏။ တစ်ဖက်လူကလည်းသေချာအောင်အကဲခတ်ကြည့်နေပြီးမှ ပြုံးရွှင်သောမျက်နှာထားလေးနှင့်အနားကိုအပြေးရောက်လာပြီး ခါးကိုပွေ့ဖက်လိုက်ချိန်ထိမင်သက်နေမိဆဲ။

"အံ့ဩစရာကောင်းလိုက်တာ၊ မြန်မာပြည်ကိုရောက်နေတုန်း မင်းကိုလာတွေ့ဖို့​​တောင်တွေး​နေတာ"

"..."

"မင်းသတင်းတွေကိုကြားပါတယ်။ အရမ်းကိုအဆင်ပြေနေတယ်ဆို၊ ဒီကိုဘာလာလုပ်တာလဲ။ တစ်ယောက်ထဲလား။ မင်းအမျိုးသားမပါလာဘူးလား ငါအရမ်းတွေ့ချင်နေတာ"

နေပါအုံး။ ဒီမေးခွန်းကမော်ကွန်းမေးရမှာမဟုတ်ဘူးလား။ သူကဘယ်လိုလုပ်ပြီးမြန်မာပြည်ကိုရောက်နေတာလဲ။ မော်ကွန်းကိုလာတွေ့တာတော့ဟုတ်မယ်မထင်။ ဇာတ်လမ်းတွေကပြီးပြတ်ခဲ့ပြီမဟုတ်လား။ သတိဝင်လာတော့မှ တွယ်ဖက်ထားတဲ့လက်တွေကိုအသာဖယ်ခွာစေလိုက်ပြီး...။

"မိတ်ဆွေတစ်ယောက်နဲ့လာတွေ့တာ၊ မင်းကရောဒီကိုဘယ်လိုရောက်နေတာလဲ။ အလည်သက်သက်ပဲလား"

"ငါ့ Boy friend နဲ့လိုက်လာတာ၊ ငါတို့ဒီကိုရောက်နေတာ ၂ ရက်ရှိပြီ။ မနက်ဖြန်မြန်မာပြည်အထက်ဘက်ကိုခရီးထွက်မယ်။ ၁၅ ရက်နေ့လန်ဒန်ကိုပြန်မယ်။ ခရီးကပြန်လာရင်မင်းတို့စုံတွဲနဲ့ဆုံချင်တယ် ရမလားဟင်"

ပြောနေရင်း Reception မှာရပ်စောင့်နေသော အမျိုးသားတစ်ဦးနှင့်မိတ်ဆက်ပေး၏။ တရုတ်အမေရိကန်ကပြား သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သော Randy မိတ်ဆွေက ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်၏။ အိမ်ရှင်ဖြစ်နေသောမော်ကွန်းက ဟိုတယ် Restaurant တွင် Randy တို့စုံတွဲကိုနေ့လယ်စာဖြင့်ဧည့်ခံဖြစ်ခဲ့သည်။ ရုတ်တရက်တွေ့လိုက်ရတော့ အိမ်ကိုဖိတ်သင့်မဖိတ်သင့်လည်းချင့်ချိန်နေရ၏။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now