Part 9 (U)

6K 813 190
                                    

Nway Hnaung

ဗုဒ္ဓမြတ်စွားဘုရားကဟောကြားတော်မူခဲ့တယ်။ အနိစ္စကလွဲ၍မြဲသောအရာဆိုတာမရှိပါဘူးတဲ့။ နောက်တစ်ခုကဖြစ်ပျက်တဲ့။ ဖြစ်ပြီးရင်ပျက်ကြရတာဓမ္မတာ။

လူတွေဟာကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီသေဆုံးကြရတယ်ဆိုခဲ့သလို မသေခင်စပ်ကြားခွဲခွာကြရတဲ့လူတွေလည်းရှိတတ်ကြသည်။ တစ်ချို့သောအဖြစ်အပျက်တွေဟာ သိပ်ကိုရက်စက်ကြမ်းတမ်းနေခဲ့၏။

နွေနှောင်းဝဿန်ဆိုတဲ့သူ့ဘဝကရော ဘာထူးခဲ့လို့လဲ။ နွေ့ဘဝလေးက ဒီအိမ်ကိုရောက်လာမှဘဲတည်ငြိမ်ခဲ့ရတာမဟုတ်လား။ နွေဒီအိမ်ကိုစရောက်လာခဲ့ချိန်က ၇ နှစ်သားအရွယ်။ နွေ့မှတ်ဉာဏ်တွေက ငယ်ဘဝအကြောင်းတွေကိုကောင်းကောင်းမှတ်မိနိုင်ခဲ့တာကို ဒီအိမ်သားတွေကသိပ်ကိုအံ့ဩခဲ့တာပေါ့။

၄ နှစ်သားအရွယ်လောက်ကအဖြစ်အပျက်တွေကိုတောင် ကောင်းကောင်းမှတ်မိပြီးပြန်ပြောပြတတ်ခဲ့တာကိုး။ ထိုစဉ်ကမငယ်အသက်က ၁၁ နှစ်ပဲရှိပါသေးတယ်။ မလတ်က ၁၇ နှစ်၊ မမကြီးက ၂၁ နှစ်လောက်ရှိနေခဲ့ပြီ။

နွေကမေမေ့ဘက်က ဆွေမျိုးနီးစပ်တော်တယ်လို့လည်းပြောလို့ရပါတယ်။ နွေ့မွေးမိခင်ကအခုလက်ရှိမေမေနဲ့အမျိုးစပ်ရင် တူမနှစ်ဝမ်းကွဲလောက်တော်တယ်တဲ့။ နွေတို့မိသားစုက ပြည်မြို့နဲ့မနီးမ​ဝေးဝန်ကျင်ကစံပြဆိုတဲ့ကျေးရွာလေးမှာနေထိုင်ခဲ့တယ်။ မှတ်မိတဲ့အရွယ်တုန်းက နွေ့မှာအဖေရောအမေရောရှိပါတယ်။ အဖိုးနဲ့အဖွားလည်းရှိပါသေးတယ်။

နွေမှတ်မိသလောက် နွေ့မေမေကသိပ်ကိုချောလှပါတယ်။ ဖေဖေကလည်းချောတယ်ပြောလို့ရတဲ့ပုံပန်းသဏ္ဍာန်ရှိသလို မွေးချင်းကတော့နွေတစ်ယောက်ထဲ။ ဖေဖေကဘာအလုပ်ရယ်မှတိတိပပလုပ်တာမမြင်ဖူးပေမဲ့ စာရေးစားပွဲမှာထိုင်ပြီးအချိန်ကုန်နေတတ်သူ။ သူ့ကိုယ်သူအနုပညာသမားရယ်လို့သတ်မှတ်ပြီး မေ့လောက်မှတစ်ခါရတတ်တဲ့စာမူခလေးတွေနဲ့ ဘယ်ကရရလာမှန်းမသိတဲ့ငွေစက္ကူတွေကိုရံဖန်ရံခါမေမေ့ကိုပေးတတ်တယ်။

နွေ့မေမေကရွာမှာအိမ်ဆိုင်လေးဖွင့်ထားတယ်။ ဒါကြောင့် နွေကမုန့်ကောင်းကောင်းစားရတတ်တယ်။ နွေတို့နေတာကအဖိုးအဖွားအိမ်မှာမို့ နွေဟာမူလတန်းကိုကောင်းကောင်းမွန်မွန်တက်ခဲ့ရတယ်ဆိုတာကိုသေချာမှတ်မိနေခဲ့တယ်။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now