Part 21 (Z)

2.3K 121 27
                                    

2017 April

ကုမ္ပဏီဖွင့်ပွဲရော ညစာစားပွဲပါအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ရုံးပိုင်းကိစ္စတွေက ပုံမှန်လည်ပတ်မှုများနဲ့အသားကျသွားချိန် ဆောက်လုပ်ရေးလုပ်ငန်းတွေဘက်မှာတော့ လုပ်ငန်းသစ်များနဲ့အတူမအားလပ်နိုင်ကြတော့ပါ။

ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုအနေဖြင့် လာရောက်ကမ်းလှမ်းသောဖက်စပ်လုပ်ငန်းများနှင့် Project အသစ်များစွာရရှိလာချိနိ အင်ယာဌာနတွေမှာတစ်နေ့တစ်နေ့လစ်လပ်ချိန်မရှိနိုင်အောင် လုပ်ငန်းခွင်များဆီဝင်ရောက်ကြရပါတော့သည်။

PM ၄ ဦးမှာလည်း တစ်ယောက်နှင့်တစ်ယောက်လှည့်၍ပင်မကြည့်နိုင်။ သက်ဆိုင်ရာလုပ်ငန်းခွင်နေရာများကို မိုးလင်းမိုးချုပ်သွားရောက်ဦးစီးနေကြရပြီး AM ကိုဇော်လင်းထွေးမှာတော့ အောက်ထပ်ရုံးခန်းမှာရုံးထိုင်အင်ယာများနဲ့ အလုပ်များနေပါတော့သည်။

သူဌေးမှာ ဖွင့်ပွဲပြီးကာမှပိုလို့တောင်အလုပ်များနေပါတော့၏။ ဖွင့်ပွဲကိုဦးလေးဖြစ်သူတက်ရောက်လာခဲ့ပြီး ရန်ကုန်မြို့ကလုပ်ငန်းရှင်များနှင့်ညစာစားပွဲမှာတွေ့ဆုံခဲ့ကြပြီး တူဖြစ်သူကိုလက်တွဲကူညီပေးကြပါဆိုသော စကားနှင့်ပွဲထုတ်ခဲ့၏။

အမှန်တော့ အဲလ်ဘတ်ငြိမ်းဆိုတာ ကိုယ်ပိုင်အရည်အချင်းတွေကြောင့် အများအကူအညီယူပြီးမှ အခွင့်အလမ်းတွေရရှိမည့်လူမျိုးမဟုတ်ပါ။ သို့သော်စီးပွားရေးအသိုင်းအဝိုင်းမှာတော့ ဒါသည်ကအပေါ်ယံစကားလှအောင်ပြောခြင်းမျိုးသာ။

မော်ကွန်းဦးလေးဖြစ်သူ မန္တလေးပြန်သွားပြီးနောက် မော်ကွန်းတစ်ယောက်မှာဟိုမှသည်မှ ဖိတ်ကြားလာသောပွဲပေါင်းများစွာကို နေ့တိုင်းလိုလိုတက်ရောက်နေရပါတော့သည်။

"အစ်ကို၊ မနေ့ကလေ Future Land သူဌေးရဲ့သမီးမွေးနေ့ပွဲကို ညီမတို့ဘတ်ဘတ်သွားတက်ခဲ့ရသေးတယ်တဲ့"

ထွက်စာတင်ရန်ချိန်ဆကာ အပျိုကြီးကိုဘယ်လိုဘယ်ပုံပြောပြီးထွက်ရမလဲ တွေးတောကြံဆနေသော ဝဿန့်အနားကိုလဲ့ဆွေရောက်လာပြီး ပြောလိုက်တဲ့စကားကိုနားထဲသိပ်မရှင်းလိုက်။ Future Land ဆိုတာရန်ကုန်ဆောက်လုပ်ရေးလောကမှာ နာမည်တစ်ခုဖြင့်အောင်မြင်နေသောကုမ္ပဏီကြီး။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now