Part 33 (U)

8.5K 896 551
                                    

Maw Konn

နွေပို့ပေးထားတဲ့စာတွေကို Meeting ပြီးခဏနားချိန်မှတွေ့လိုက်၏။ နွေ့ဆီကို ၃ ရက်ဆက်တိုက်ပန်းတွေနဲ့လက်​ဆောင်​တွေပို့ပေးရန်စီစဉ်ပြီးတဲ့နောက်မှာ Amara Company ဘက်ကလူကြီးပိုင်းတွေနှင့်ရော ဟိုတယ်ပိုင်ရှင်သူဌေးနှင့်ပါတွေ့ဆုံခဲ့ရသည်။

တစ်ဖက်ကလည်းလက်တွဲရမဲ့ Company သူဌေးတွေနှင့် Meeting ထိုင်ခဲ့ပြီး Project ကိစ္စတွေကိုအသေးစိတ်ညှိုနှိုင်းခဲ့ရပြန်သည်။ မနက် ၉ နာရီထဲကထိုင်လိုက်ရတဲ့ Meeting တွေဟာ နေ့လည်စာစားချိန် ၄၅ မိနစ်ခန့်သာနားလိုက်ရပြီး ညနေ ၄ နာရီခွဲမှတစ်နေ့တာအတွက်ပြီးဆုံး၏။ ဒါတောင်ညပိုင်းမှာ Dinner တက်ရဦးမှာ။ အင်လျားအိမ်ကိုပြန်လာရာလမ်းပေါ် ရောက်မှ နွေ့ဆီကိုဖုန်းဆက်ချိန်ရပါတော့သည်။

"ပြော"

"လွမ်းလိုက်တာဘေဘီရာ"

"ငါ့ကိုဘေဘီလို့လာမခေါ်နဲ့"

ဘာမှတောင်မပြောရသေး မကျေမလည်အသံလေးနဲ့စတင်လာတော့ သက်ပြင်းမောကိုကျိတ်ချလိုက်မိ၏။

"ဘာလို့လဲကွာ"

"မင်းဟာတွေကိုလည်းဘေဘီခေါ်ခဲ့တယ်မဟုတ်လား။ ငါ့ကိုရောကောသောရောလာမခေါ်နဲ့၊ မကြိုက်ဘူး"

"ဟာ...သူတို့ကဘယ်ကပါလာပြန်တာလဲကွာ"

"လေးယောက်မှာ ၃ ယောက်ကမင်းထက်ငယ်တဲ့လူတွေကြီးပဲ။ နှုတ်ကျိုးပြီးငါ့ကိုပါ ဘေဘီ Group ထဲလာထည့်နေတာပေါ့"

"ဘယ်သူ့ကိုမှမခေါ်ခဲ့ဖူးပါဘူးကွာ။ နွေယုံချင်မှယုံပါ၊ ကိုယ်ကသူတို့ကိုနာမည်ပဲခေါ်ခဲ့တာပါ။ ကုန်ကုန်ပြောရရင် အတူတူနေချိန်မှာတောင်မခေါ်ခဲ့ဖူးပါဘူး"

"မပြောနဲ့၊ မင်းမရှက်ပေမဲ့ငါရှက်တယ်"

"..."

"ဖုန်းဆက်တာဘာကိစ္စလဲ"

"ကိစ္စရှိမှဆက်ရမှာလား။ မနက်ထဲကမီတင်တွေဆက်တိုက်ထိုင်နေရတာ၊ ခုမှနားချိန်လေးရလို့နွေ့ဆီဆက်လိုက်တာပါကွာ။ ဒါတောင် ၅ နာရီခွဲမှာ Dinner တစ်ခုသွားရအုံးမယ်"

"မအားရင်ဘာလို့လာဆက်နေသေးလဲ၊ မဆက်နဲ့ပေါ့"

ဘာတွေအလိုမကျမှန်းမသိတဲ့စူကောက်ကောက်အသံလေးက မော်ကွန်းနှုတ်ခမ်းတွေကိုပြုံးရိပ်ဆင်စေပြန်သည်။ တကယ့်ငဂျစ်လေး၊ ဒါ့ကြောင့်ဘေဘီလို့ခေါ်ထာပေါ့။ ဘယ်မှာလဲအသက်အရွယ်နဲ့လိုက်ဖက်တဲ့အမူအကျင့်။ ချွဲနွဲ့ဗိုလ်ကျချင်တတ်တဲ့ကောင်လေးကိုမှဘေဘီမခေါ်ရင် ဘယ်သူ့ကိုသွားခေါ်ရမှာလဲ။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now