Part 11 (Z)

1.9K 103 5
                                    

Kun Kho Yake Nyein

ဘဝရဲ့အလှတရားတွေကိုရှာဖွေသူတိုင်း ကိုယ်ကျင့်တရားကိုတော့ခဝါမချခဲ့သင့်ခဲ့ဘူးတဲ့။ ဖတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်ထဲကစာသားတစ်ချို့ပေါ့။ စဉ်းစားကြည့်မိတယ်။ သွေးနဲ့သားကိုစတေးပြီးနေမပျော်တဲ့ဘဝမှာရော ဘယ်လိုအလှတရားတွေကရှိနိုင်မှာတဲ့လဲ။

ကိုယ်ကျင့်တရားနဲ့အသိဉာဏ်ကိုမျက်ကွယ်ပြုပြီးတော့ပျော်ကောင်းပျော်နိုင်ပါရဲ့။ ဒါပေမဲ့အခိုက်အတန့်တော့ဖြစ်လေမလား။ ဒါလည်းမသေချာဘူး။

အမှောင်ကမ္ဘာထဲယောင်လည်လည်နဲ့ဖြတ်သန်းနေထိုင်ရင်း ငါ့ရဲ့ပျော်ရွှင်ခြင်းတွေဟာလည်းပျောက်ကွယ်ခဲ့ရပြီထင်ပါရဲ့အတာ။

အသိဉာဏ်မပါဘဲအကျည်းတန်သွားရတဲ့လူတွေထဲကလူတစ်ယောက်ဖြစ်နေခဲ့ရခြင်းမှာ နောင်တတရားဆိုတာအဖော်သဟဲဖြစ်နေခဲ့ရတာကဘာများထူးဆန်းသွားလို့လဲ။

ကိုယ်ကျင့်တရားနဲ့ချစ်ခြင်းမေတ္တာကိုလဲလှယ်ခဲ့ရတဲ့လူတစ်ယောက်အဖြစ်နဲ့ အကောင်းဆုံးရပ်တည်နေထိုင်ခဲ့ရတဲ့ရက်တွေထဲ ပျော်ရွှင်ခြင်းတွေပျောက်ဆုံးနေခဲ့တာဆယ်စုနှစ် နှစ်စုနီးပါးတောင်ဖြစ်နေခဲ့ပြီ။

အချိန်ရာသီတွေဘယ်လိုပင်ပြောင်းလဲပါစေဦး။ နှလုံးသားရဲ့ဟိုးအတွင်းပိုင်းမှာတိတ်တိတ်ကလေးတည်ရှိနေခဲ့တဲ့နွယ်မြက်ပင်ကလေးကတော့ ဘယ်လိုနည်းနဲ့သတ်သတ်အမြစ်တွယ်ပြီးရှင်သန်နေစဲဆိုတာကိုယ်တိုင်အသိဆုံးပေါ့အတာ။

ဖြစ်လာသမျှအကြောင်းတွေကိုအကောင်းလို့သာမှတ်ထင်ရင်း ဖခင်တစ်ဦးပီသအောင်တော့ကြိုးစားရအုံးမှာပေါ့။ မသိမမြင်နိုင်တော့ဘူးဆိုပေမဲ့ မင်းကျေနပ်နိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်အတာ။

**************************************

တက္ကသိုလ်ဘုန်းနိုင်ရဲ့သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်စာအုပ်ကလေးကအတော်ပင်ဟောင်းနွမ်းနေပါပြီ။ ဟောင်းဆိုနှစ်တွေကကြာနေခဲ့ပြီကိုး။ ဒီစာအုပ်ကလေးရတဲ့အချိန်က ၁၉၈၀ ခုနှစ်သူ့အသက် ၁၈ နှစ်ပြည့်တဲ့နေ့။

အဆုံးသတ်ကိုမကြိုက်ခဲ့ပေမဲ့ ဆရာ့ရဲ့အရေးအဖွဲ့တွေနဲ့ရင်နင့်အောင်ခံစားခဲ့ရတာကိုလည်းသူမမေ့နိုင်ခဲ့ပါ။ ကွန်းခိုရိပ်ငြိမ်းဆိုတာကနာမည်နဲ့လိုက်အောင်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့အပူပင်ကင်းကင်းငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းခဲ့ရတဲ့ရွှေပေါ်မြတင်မင်းသားလေးတစ်ပါးလိုလူမဟုတ်လား။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now