Part 13 (Z)

2K 112 12
                                    

Nway Hnaung Wathan

လူတိုင်းလူတိုင်းဟာဘဝဆိုတဲ့လမ်းမကြီးထက် ကိုယ်စီယုံကြည်ချက်၊ ရည်ရွယ်ချက်တွေနဲ့အားတင်းလျှောက်လှမ်းရင်း ရုန်းကန်နေကြရတယ်။ ဒီလိုလျှောက်လှမ်းရင်းနဲ့ မျှော်လင့်ထားသလိုဖြစ်လာတတ်သလို မမျှော်လင့်တာတွေလည်းတွေ့ကြုံရတတ်စမြဲမဟုတ်လား။

အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့လောကကြီးမှာ အကြောင်းနဲ့အကျိုးဆိုတာကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေကြတာမျိုး။ အတွေးအကြံတွေအပေါ်မှာမူတည်ပြီး ဘဝတွေကလည်းကွဲပြားသွားတတ်ပြန်တယ်။

ငါဘာဖြစ်လာမှာလဲဆိုတာကိုမှန်းဆနေဖို့ထက် ငါဘာလုပ်သင့်တယ်ဆိုတာကိုပဲတွေးပြီး ရှင်သန်နေထိုင်ခြင်းကအပြစ်ကင်းပါလိမ့်မယ်။

ဝဿန့်အတွက်တော့ ဘဝရဲ့ပြောင်းလဲခြင်းဟာ ၇ နှစ်သားကစတင်ခဲ့တယ်လို့ထင်ခဲ့မိပေမဲ့ တကယ်တော့ ၁၉ နှစ်မှာမှအမှန်တကယ်ပြောင်းလဲသွားခဲ့ရတယ်။ ဘုရားဟောတရားတွေက တကယ့်ကိုလက်တွေ့ကျကျမှန်ကန်နေခဲ့တယ်ဆိုတာကို ဘဝနဲ့ရင်းပြီးမှသိခဲ့ရ​ပြန်တယ်။

ဘဝနဲ့ဆန္ဒ၊ စိတ်နဲ့ကိုယ် ဒါတွေတစ်ထပ်ထဲကျဖို့ဆိုတာ မလွယ်ကူတဲ့အရာတွေပါ။ စိတ်သွားတိုင်းကိုယ်ပါ စိတ်ဆောင်တိုင်းကိုယ်ကမလိုက်နိုင်တော့တဲ့အခါ ဘဝလမ်းကြောင်းတွေကလွဲမှားတတ်ကြရတာပေါ့။ ဘယ်ကိုမှမကြည့်ဘဲ ဝဿန်တို့မိသားစုအသိုက်အမြုံကိုပဲကြည့်။

လမ်းကြောင်းတွေလွဲမှားချွတ်ချော်သွားတဲ့အခါ ပျက်ဆီးသွားခဲ့ရတာကဘဝတစ်ခုမဟုတ်ဘဲ ဘဝများစွာပြိုလဲခဲ့ရတာမျိုး။ အဆင့်အဆင့်ရိုက်ခတ်လိုက်တဲ့လှိုင်းချက်တွေလိုပဲ နောက်ဆုံးတော့ငြိမ်သက်ခြင်းနဲ့အတူကျန်ရစ်ခဲ့တာက နောင်တတရားတွေပါပဲ။

"လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာဖြစ်နေပါက
ဘယ်မှာဒုက္ခရှိမည်နည်း တဲ့"

ဝဿန်ဖတ်ခဲ့ဖူးတဲ့သံဝေဂတရားပြစာသားလေးတစ်ခု။ လောကဓံနဲ့တွေ့ကြုံလာချိန်မှာအတတ်ပညာထက် အသိပညာရှိခြင်းကပဲဘဝလမ်းကြောင်းကို ပြန်တည့်မတ်နိုင်တယ်ဆိုတာကိုဝဿန်လက်တွေ့သိခဲ့ရတယ်။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now