အသားနာလာတော့ စိတ်တွေကလည်းတိုလာသည်။ ချစ်သူချင်းဒီလောက်နှိပ်စက်ရလား။ နွေကမော်ကွန်းဆိုရင်ပြန်မလုပ်မှန်းသိနေလို့ သိပ်နှိပ်စက်တတ်တာပဲ။ အခန်းထဲခေါ်လာခဲ့ပြီးမှ စိတ်တိုတိုနဲ့အိပ်ရာပေါ်ကိုပစ်ချလိုက်မိ၏။ မြောက်ခနဲဖြစ်သွားပြီးပြန်မထနိုင်ခင်မှာဘဲ အပေါ်ကနေအုပ်မိုးထားလိုက်မိတော့ တိုက်ပွဲကပြင်းထန်လာပါတော့သည်။

မော်ကွန်းကတော့ချုပ်ကိုင်လိုက်ရုံဆိုပေမဲ့ စနေသားဒေါသအိုးကခြေရောက်လက်နဲ့ပါမကျန်ထုရိုက်ကန်ကျောက်ရင်း ပါးစပ်ကိုလည်းအအားမထား။ မိရာကိုက်ဆွဲနေတော့မော်ကွန်းလက်ဖျံတွေမှာလည်းနွေ့တံတွေးတွေစိုလူးလို့။

"မင်းနော်...မယုတ်မာနဲ့"

"ဘာလုပ်နေလို့လဲကွ"

"ဘာကိစ္စနဲ့...မင်း...မင်းအခန်းထဲကိုခေါ်လာတာလဲ"

"ထွက်သွားမှာစိုးလို့ခေါ်လာတာ။ ထွက်သွားရဲရင်သွားကြည့် လိုက်သွားကြည့်လိုက်လေ၊ မော်ကွန်းအကြောင်းသိသွားမယ်"

"လိုက်သွားမှာ...လိုက်သွားမှာ၊ မင်းဆီကိုလည်းဘယ်တော့မှပြန်မလာဘူး။ ပြတ်ပြီ ပြတ်ပြီပဲလူရမ်းကားရဲ့"

"ပြောပြန်ပြီလား၊ ဘာကိစ္စနဲ့ပြတ်ရမှာလဲ။ ဒီလောက်​လေးနဲ့ပြတ်စရာလား။ ပြတ်တယ်ဆိုတာနှစ်ဦးသဘောတူမှပြတ်လို့ရတာမျိုး။ ကိုယ်ဘက်ကတော့လုံးဝမပြတ်ပေးနိုင်ဘူးနော်"

"ငါ့သဘောပါ"

ဒီလောက်ပြတ်စကားပြောနေတဲ့နှုတ်ခမ်းလေး ပိတ်ပေးထားလိုက်မှပဲနားအေး​တော့မှာ။ မော်ကွန်းမျက်နှာငိုက်ကျသွားတာနဲ့ မျက်နှာလေးကိုတစ်ဖက်စောင်းလှည့်ထားလိုက်ပြီးအော်ပါတော့သည်။

"ငါ့ကို...ငါ့ကို...လာမထိနဲ့ဆို မနမ်းနဲ့နော်။ မင်းက...မင်းက...နှာဗူး"

"ဘာ"

"ယောက်ျားတွေနဲ့ရောမိန်းမတွေနဲ့ပါအိပ်ထားတဲ့ကောင်။ ငါ့ကိုလာမထိနဲ့လို့... သွား...ဖယ် သွားဆို"

"..."

"ငါ့ကိုများ...ငါ့ကိုများဘာမှတ်နေလဲ"

"ကိုယ့်ကိုရောဘာကောင်မှတ်နေလဲ။ ပြောလေ သည်းခံနေတာကိုအကောင်းမှတ်မနေနဲ့"

ချစ်သဝဏ်လွှာ 💌Where stories live. Discover now