Part 23 (U)

8.6K 948 640
                                    

Nway Hnaung Wathan

ကုမ္မဏီဖွင့်ပွဲပြီးသည့်နောက် သူဌေးရောအင်ယာအကြီးပိုင်းတွေပါမကျန် မအားမလပ်ဖြစ်နေရခြင်း၊ အစည်းအဝေးများဆက်တိုက်ဖြစ်နေရခြင်းရဲ့အကြောင်းရင်းကို ယနေ့သိလိုက်ရချိန်တွင် တစ်ရုံးလုံးအုန်းအုန်းထမတတ်လှုပ်ခတ်သွားပါတော့သည်။

"အစ်ကို ကြားပြီးပြီလားဟင်"

"အေး"

"အံ့ဩစရာကြီးနော်၊ ဒီလို Project ကြီးကို ဘယ်လိုများရလိုက်တာလည်းမသိဘူး။ တစ်ရုံးလုံးလည်းပျော်နေကြတယ်။ ရှေ့လျှောက်အလုပ်တွေများတော့မှာသိပေမဲ့ ပျော်နေကြတာတော့တအားပဲ"

"ဒါပေါ့ ပျော်သင့်တာပဲလေ"

"ဘတ်ဘတ်ကကွာ၊ မထင်မှတ်တဲ့ရိုက်ချက်နဲ့သတ်ချသွားတာနော်၊ လုံးဝစပရိုက်ပဲ"

"အမှန်တော့အံ့ဩစရာမရှိပါဘူးလဲ့ဆွေရာ၊ အစ်ကိုသိတော့သိနေတယ်။ ဘာမှန်းသာမသိသေးတာမျိုး"

"ဟင် အစ်ကိုကကြိုသိနေတာလား။ ဘယ်လိုလုပ်ပြီးသိနေတာလဲဟင်"

"ဪ ကြိုသိတယ်လို့တော့မဟုတ်ဘူးပေါ့၊ ခန့်မှန်းကြည့်မိတာမျိုးပါ။ ဒီလိုကွာ သူဌေးရောက်လာထဲကကုမ္ပဏီကိုပြန်ပြင်နေတာတွေ၊ ဖွဲ့စည်းပုံတွေအသစ်ပြန်လုပ်တာ၊ ဝန်ထမ်းတွေထပ်ခန့်တာတွေက ကုမ္ပဏီအကြီးစားတစ်ခုလိုဖြစ်ခဲ့တာ​လေ။ စဉ်းစားကြည့် အစ်ကိုတို့ကုမ္ပဏီကအလုပ်တွေတအားများတာမှမဟုတ်တာ၊ ဒါကိုဒီလောက်ပုံကြီးချဲ့နေတာမျိုးက ပြည်တွင်းကန်ထရိုက်လောက်မကဘူးဆိုတာကိုတွေးမိလိုက်တာမျိုးပေါ့။ Company Profile ကိုဆိုရင်သေသေချာချာလုပ်ပေးထားရတာမျိုးက လုပ်ငန်းကြီးတစ်ခုခုအတွက်ကြိုတင်ပြီးပြင်ဆင်ထားတာမျိုးလို့ထင်လိုက်မိတာပါ။ ခုတော့ထင်တဲ့အတိုင်းပဲလေ။ ဒီ Project က ဆောက်လုပ်ရေးလောကကကုမ္ပဏီကြီးတွေလိုက်နေ​ကြတဲ့လုပ်ငန်းကြီးဖြစ်နေခဲ့တာကိုး"

"ဟုတ်တယ်နော်၊ ဒါဆိုရင်လဲ့တို့ကုမ္ပဏီကနောက်ဆို Future Land လိုဖြစ်သွားမှာပေါ့နော်"

"ဒါပေါ့၊ ခုပဲကြည့် Summer Breeze က Amara Group ရဲ့ Sub Contractor ဖြစ်လာပြီဆိုတော့ ဒီကုမ္ပဏီနဲ့လက်တွဲချင်တဲ့တခြားဆောက်လုပ်ရေးတွေက လာပြီးကမ်းလှမ်းလာကြတော့မှာ"

ချစ်သဝဏ်လွှာ 💌Where stories live. Discover now