အပိုင်း ၁၄၈၅ : ဂန္ထဝင် ဂိုဏ်းချုပ်

761 48 10
                                    

စာစဥ် ၇၆ : အပိုင်း ၁၅

အပိုင်း ၁၄၈၅ : ဂန္ထဝင် ဂိုဏ်းချုပ်

ကောင်းကင်ပေါ်မှ တောင်သို့ အလင်းတန်းများက ဖုံးလွှမ်းသွားသည်။ အားလုံးတို့သည် တောင်ပေါ်သို့ ရောက်လာသော အခါ မမြင်နိုင်သော စွမ်းအားတစ်ခုက ဟင်းလင်းပြင်အား ကမ္ဘာငယ်လေးများစွာ အဖြစ် ခွဲခြားထားသည်ဟု ခံစားနေရပြီး ကမ္ဘာအနှံ့မှ လူများစွာ စုဝေး ရောက်ရှိလာကြသည်ကို တွေ့လိုက်ရသည်။

ဤသေးငယ်သော ကမ္ဘာများ အတွင်းတွင် အလင်းတန်းများ လင်းလက်နေ၍ အတွင်းတွင် ဘာဖြစ်နေသည်ကို တစ်ယောက်ကမှ ကောင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း ကျင်းယန်နှင့် ကျန်သောသူများသည် ထိုသူများက ကမ္ဘာ၏ ထိပ်ဆုံးတွင် ရှိနေကြသော အစွမ်းထက် ပုဂ္ဂိုလ်များဖြစ်ကြ၍ သူတို့ အများစုသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြသူများ ဖြစ်သည်ဟု ပြောနိုင်ခဲ့ကြသည်။

အခြား ကမ္ဘာငယ်များ အတွင်းတွင် ကျင့်ကြံမှု အဆင့်နိမ့်သော လူသားနှင့် မိစ္ဆာ ကျင့်ကြံသူများလည်း ရှိကြသေးသည်။

လေဟာနယ်အား အစိတ်အပိုင်း များစွာအဖြင့် ခွဲခြားထား၍ အားလုံးတို့သည် နေရာလုနေစရာ မလိုပဲ နားထောင်ရန် နေရာတစ်ခုစီ ရခဲ့ကြသည်။

အားလုံးတို့သည် လင်းဖုန်း၏ ပထမ သင်ခန်းစာ ပို့ချကတည်းက ဤခမ်းနား ကြီးကျယ်မှုကို တွေ့ခဲ့ပြီ ဖြစ်သည်။ လင်းဖုန်းကိုယ်တိုင်က ပြောထားသကဲ့သို့ ကမ္ဘာအတွင်းမှ ကျင့်ကြံသူတိုင်းသည် ဉာဏ်ထက်သည် ဖြစ်စေ၊ ထုံထိုင်းသည် ဖြစ်စေ၊ အစွမ်းထက်သည် ဖြစ်စေ၊ အားနည်းသည် ဖြစ်စေ၊ လာရောက် နားထောင်ရန် ခွင့်ပြုထားသည်။

ဤတစ်ခေါက်တွင် လာခဲ့ကြသူများသည် ယခင်အခေါက်ထက်စာလျှင် ပို၍ နည်းပါးသွားသည်။ ဤအရာသည် လူအများက လာလိုစိတ် မရှိတော့သောကြောင့် မဟုတ်ပဲ ထို့အစား လင်းဖုန်း သင်ခန်းစာ တစ်ခေါက် ပို့ချပြီးတိုင်းတွင် နောက်တစ်ခေါက် နားထောင်လိုသော သူများ ပို၍ပို၍ များလာကြသည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ကမ္ဘာကြီးအား သူတို့၏ ဂိုဏ်းတည်ထောင်သူ၏ ဤတစ်ခေါက် သင်ခန်းစာ ပို့ချမှုသည် မူလကောင်းကင် ကမ္ဘာ တစ်ခုလုံးအား လွှမ်းခြုံ၍ ပြောကြားမည် ဖြစ်ပြီး သူ၏ အသံအား ကောင်းကင်နှင့် မြေကြီး တစ်လျှောက် ကြားနိုင်မည် ဖြစ်ကာ ခွန်းလွန်တောင်သို့ လာရောက်ရန် မလိုအပ်တော့ဟူ၍ ကြေညာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now