၁၃၁၃-၁၃၁၄

215 17 0
                                    

စာစဥ် ၆၈ : အပိုင်း ၃

အပိုင်း ၁၃၁၃ : တောင်ပိုင်း တောရိုင်းဒေသမှ သက်ရှည်မြို့တော်

ငရဲမီး ဧကရာဇ် ဆေးမီးဖိုသည် သန္ဓေလောင်း အဆင့်တွင်သာ ရှိသေးသော်လည်း သူ့အတွင်းတွင် ရှိနေသော သဘောတရားများသည် အတော့်ကို ထူးချွန် ပြောင်မြောက်သည်။

လင်းဖုန်းနှင့် ရှောင်ယန်တို့သည် အရှေ့ကောင်းကင် တံခါးဂိုဏ်းမှ ယန်ကောင်းကင် ဆေးမီးဖိုကို ရရှိခဲ့သော အခါ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်အား ပေးအပ်ခဲ့သည်။

ယန်ကောင်းကင် ဆေးမီးဖိုသည် အရှေ့ကောင်းကင် တံခါးဂိုဏ်းမှ ပြန်လည် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ဆေးလုံးများကို ဖော်စပ်ရာတွင် အဖိုး မဖြတ်နိုင်သော မှော်ရတနာ တစ်ပါး ဖြစ်နေသေးသည်။

မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်သည် သူ့အား နိုင်ငံ ရတနာ အဖြစ် သတ်မှတ်ထားကာ နတ်ဘုရားနယ်မြေ အတွင်းမှ မည်သည့် နိုင်ငံနှင့် အင်အားစုများ ဖြစ်စေ ဤရတနာအား အထူး လေးနက်စွာ တန်ဖိုးထားကြမည် ဖြစ်သည်။

လင်းဖုန်းနှင့် ရှောင်ယန်တို့သည် သူတို့အရှေ့မှ ငရဲမီး ဧကရာဇ် ဆေးမီးဖိုသည် ယန်ကောင်းကင် ဆေးမီးဖိုကဲ့သို့ သန္ဓေလောင်း အဆင့်တွင်သာ ရှိသေးသော်လည်း သူ့ထက်များစွာ ပို၍ အထက်တန်းကျသည်ဟု သေချာနေကြသည်။

လူသား ကျင့်ကြံမှု ကမ္ဘာအတွင်း၌ ဆေးလုံးများ ဖော်စပ်ရာတွင် အစွမ်းအထက်ဆုံး မှော်ရတနာမှာ ရှဧကရာဇ် ထုလုပ်ခဲ့သည့် ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာဖြစ်သည့် နတ်ဘုရားနယ်မြေ ဆေးမီးဖိုပင် ဖြစ်သည်။

နတ်ဘုရားနယ်မြေ ဆေးမီးဖို အပြီးတွင် ဟင်းလင်းပြင် ဘုရားကျောင်းမှ နေလ နတ်ဘုရား ဆေးမီးဖို၊ ကောင်းကင်တံခါးဂိုဏ်း၏ ယန်ကောင်းကင် ဆေးမီးဖို၊ ရှေးဟောင်း မျိုးနွယ်စုတို့၏ လွင်တီးခေါင် ကောင်းကင် ဆေးမီးဖို၊ ရှေးဟောင်း စေတန်ဂိုဏ်း၏ ကောင်းကင်တာအို ဆေးမီးဖို၊ ချုံးဧကရာဇ်၏ ကမ္ဘာဦး မိခင် ဆေးမီးဖိုတို့နှင့် မဟာမိုးကြိုး ကျောင်းတော်မှ ဗောဓိ ဆေးမီးဖိုတို့ ရှိကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now