အပိုင်း ၁၄၇၄ : ကောင်းကင်တစ်လျှောက် အကြီးမြတ်ဆုံး

159 20 0
                                    

စာစဥ် ၇၆ : အပိုင်း ၄

အပိုင်း ၁၄၇၄ : ကောင်းကင်တစ်လျှောက် အကြီးမြတ်ဆုံး

ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတတို့သည် ကောင်းကင်နှင့် မြေကြီးတို့၏ ကြမ်းကြုတ်သော စွမ်းအားကို အသုံးပြု၍ ကမ္ဘာကြီး၏ တာအိုကို ဖျက်ဆီးသော ကြောက်မက်ဖွယ်ရာ ဤဓားဆန္ဒအား ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံခဲ့ရဖူးသော်လည်း လင်းဖုန်း၏ ကောင်းကင်ဖျက်ဆီး ဓားထံမှ ထွက်လာသော ထိုစွမ်းအားကို ခံစားနိုင်ခဲ့ကြသည်။

သို့သော်လည်း သူတို့၏ ယခင် ဗဟုသုတများ အရ ကောင်းကင်ဖျက်ဆီး ဓားသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသော်လည်း ဤမျှအထိ မမှန်းဆနိုင်ပဲ ဖော်ပြ၍ မရနိုင်သည့် အဆင့်အထိ မရှိခဲ့ပေ။

သူသည် အဆုံးစွန် ဧကရာဇ် ရှန်းယွမ်အား သာလွန်နိုင်သည့် အခြေအနေတွင် လုံးဝ မရှိနေပေ။

သို့သော်လည်း အားလုံးတို့၏ ဗဟုသုတနှင့် မျှော်မှန်းချက်များကို ကျော်လွန်သွားခဲ့သော ဤဓားသည် ဤအချက်ကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။

သူတို့သည် လင်းဖုန်းက စူတောင်အပေါ်သို့ ဆင်းသက်လာ၍ ကောင်းကင်ဖျက်ဆီး ဓားအား ဒုတိယ အကြိမ်  ကျင့်ကြံခဲ့သည့် အချိန်ကို ပြန်၍ တွေးမိကြသောအခါ သူတို့၏ ရင်အတွင်းမှ နေ၍ ခါးသီးမှုများကို ခံစားခဲ့ရသော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြပေ။

လင်းယွမ် တောင်တန်းများမှ ရှေးဟောင်းလူဝံ မိစ္ဆာများသည် အနာဂတ်တွင် မည်သည့်လမ်းကို သွားရမည် ဟူသည့်မေးခွန်းသည် သူတို့ အရေးတကြီး စဥ်းစားသုံးသပ်ရမည့် မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

ရှန်းယွမ်က အမှောင်ထု အတွင်းသို့ ပြန်ရောက်သွားပြီ ဖြစ်ကာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ဝိညာဥ်ပင်လယ် ပြိုင်ပွဲတွင် အကြွင်းမဲ့ အနိုင်ရသူ ဖြစ်ခဲ့သည်။ ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတတို့ကလည်း နတ်ဘုရား နယ်မြေအား ကျူးကျော်ခဲ့စဥ်က ဒဏ်ရာများ ရခဲ့ပြီး ရှေးဟောင်းလူဝံ မိစ္ဆာများသည် စတင်၍ အားနည်းလာခဲ့ပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now