အပိုင်း ၁၄၇၇ : ဒဏ္ဍာရီ

192 21 0
                                    

စာစဥ် ၇၆ : အပိုင်း ၇

အပိုင်း ၁၄၇၇ : ဒဏ္ဍာရီ

အားလုံးတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ခေါင်းလောင်း အခမ်းအနား စည်းမျဥ်းများကို သိနေကြသည်။

ကြမ္မာပန်းတိုင်၏ ခေါင်းလောင်းသံ ခုနစ်ချက် အထိသည် ဧည့်သည်များကို ကြိုဆိုခြင်း ဖြစ်ကာ ခေါင်းလောင်းသံ အရေအတွက်များကို ဧည့်သည်များ၏ အဆင့်အတန်းဖြင့် သတ်မှတ်ထားသည်။ ခေါင်းလောင်းသံ တစ်ချက်သည် အဆင့်အနိမ့်ဆုံး ဖြစ်၍ ခုနစ်ချက်သည် အဆင့် အမြင့်ဆုံး ဖြစ်သည်။

ခေါင်းလောင်းသံ ရှစ်ချက်သည် ဂိုဏ်းတွင်းမှ ကြီးကျယ်သော အခမ်းအနားကို ကိုယ်စားပြု၍ ဂိုဏ်းအတွင်းမှ ဂိုဏ်းသားတိုင်းသည် ဆက်ခံသူ တပည့်များ ဖြစ်စေ၊ အခြေခံ တပည့်များ ဖြစ်စေ တက်ရောက်ခဲ့ရသည်။

ခေါင်းလောင်းသံ ကိုးချက်သည် ဂိုဏ်းတည်ထောင်သူ လင်းဖုန်းကိုယ်တိုင် ကြီးမှူးကျင်းပသော ဂိုဏ်းတွင်းမှ မဟာ အခမ်းအနား ဖြစ်သည်။

ကိုးချက်ထက် နည်းသော ခေါင်းလောင်းသံများသည် ဧည့်သံများကို ကြိုဆိုရန်နှင့် ဂိုဏ်းတွင်း ကိစ္စများကို ကိုယ်စားပြုနေ၍ ကိုးချက်အထက် ခေါင်းလောင်းသံများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ကမ္ဘာကြီး တစ်ခုလုံးအား ကြေညာစရာ ရှိသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

နောက်ဆုံး အခမ်းအနားမှာ ရှစ်ဆယ့်တစ်ချက် ဖြစ်သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် ထိုအခမ်းအနားအား တစ်ခါမှ မပြုလုပ်ရရန် မျှော်လင့်ထားသည်။

အဘယ်ကြောင့် ဆိုသော် ခေါင်းလောင်းသံ ရှစ်ဆယ့်တစ်ချက်သည် ဂိုဏ်းခေါင်းဆောင် ကျဆုံးသွားသည်ဟု ဆိုလိုနေခြင်းကြောင့် ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ပြင်ပမှ အချို့သူများသည် ဤအရာကို ဖြစ်ပျက်စေရန် စိတ်ကူးယဥ်နေကြမည် ဖြစ်သော်လည်း လက်ရှိ ဂိုဏ်းခေါင်းဆောင်က မည်သူဖြစ်သည်ကို တွေးမိခဲ့ကြသော သူတိုင်းသည် ထိုအတွေးကို ချက်ချင်း ဖယ်ရှားခဲ့ကြမည် ဖြစ်သည်။

ဝိညာဥ်ပင်လယ် ပြိုင်ပွဲ မတိုင်မီတွင် အခွင့်အရေး ရှိကောင်းရှိမည် ဖြစ်သော်လည်း ရှန်းယွမ်အား သုတ်သင်၍ ရွှမ်ဆန်းအား အနိုင်ယူခဲ့အပြီးတွင် ထိုကဲ့သို့သော အတွေးများသည် လုံးဝ ဖြစ်နိုင်တော့မည် မဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now