အပိုင်း ၁၁၇၉-၁၁၈၀

213 21 0
                                    

စာစဥ် ၆၁ : အပိုင်း ၉

အပိုင်း ၁၁၇၉ : ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များ

အစွန်းရောက်သွား နဂါးဘုရင်သည် အမျက်တကြီးဖြင့် ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းလာခဲ့သည်။ မီးတောက်များက ကခုန်နေသော အခါ ကောင်းကင်နှင့် မြေကြီးအပေါ်တွင် ဝဲပျံနေသည့် မီးတောက်နဂါးများ အလား ဖြစ်သွားကြသည်။

သူသည် အတွေ့အကြုံ များစွာ ရင့်ကျက်သောသူတစ်ယောက် ဖြစ်သည့်အတွက် ယွဲ့ဟုန်ယန်နှင့် အနည်းငယ် တိုက်ခိုက်ပြီးသွားသော အခါ ယွဲ့ဟုန်ယန်သည် သိုင်းလမ်းစဥ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်မှန်းကို သိခဲ့လိုက်သည်။

ဤကဲ့သို့သော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သူ၏ စွမ်းအားများကို ခွဲခြားထားလျှင် သင့်တော်မည် မဟုတ်ပေ။ ထို့ကြောင့် ဝဲပျံနေသော နဂါးများကို မဖြန့်ခဲ့ပဲ အစွန်းရောက်သွား နဂါးဘုရင် အနားတွင်သာ စုစည်းထားစေခဲ့သည်။ သူ၏ နဂါးအကြေးခွံများ အပေါ်၌ မီးတောက် ချပ်ဝပ်တန်ဆာ နောက်တစ်လွှာကို ထပ်မံ ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

အစွန်းရောက်သွား နဂါးဘုရင်သည် ဟိန်းဟောက်လိုက်ကာ ယွဲ့ဟုန်ယန်ထံသို့ ခုန်ဝင်လာခဲ့သည်။ ယွဲ့ဟုန်ယန်သည် သူ၏ တိုက်ခိုက်မှုကို မရှောင်ခဲ့ပဲ ညှာတာမှု ကင်းမဲ့သည့် ခုနစ်စဥ်ကြယ် ချပ်ဝတ်တန်ဆာ၏ အားဖြည့်မှုဖြင့် သူမ၏ ခန္ဓာကိုယ်ကို လေဟာနယ် အတွင်းတွင် တွန့်လိမ်လိုက်ကာ တော်ဝင်ပျက်သုဥ်းခြင်း လှံတံရှည်ဖြင့် အစွန်းရောက်သွား နဂါးဘုရင်အား ထိုးသွင်းလိုက်သည်။

လေဟာနယ်က တွန့်လိမ်သွားကာ လှံထိပ်ဖျားက ဟင်းလင်းပြင် အတွင်းတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။

နှစ်ဦးနှစ်ဘက်သို့ ထိပ်တိုက်တွေ့ဆုံခဲ့သည်နှင့် အစွန်းရောက်သွား နဂါးဘုရင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာဖြင့် တုန်ခါသွားခဲ့ကာ ယွဲ့ဟုန်ယန်သည် အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်တွင်သာ ရှိနေသေးသော်လည်း သူမ ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်များသည် အင်မော်တယ် ဝိညာဥ် အဆင့်မှ သိုင်းကျင့်ကြံသူများထက်ပင် များစွာပို၍ အစွမ်းထက်နေကြောင်း သိလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now