၁၃၃၉-၁၃၄၀

168 19 0
                                    

စာစဥ် ၆၉ : အပိုင်း ၉

အပိုင်း ၁၃၃၉ : ဖျက်စီးကြစို့

ဝမ်လင်းသည် သူ့အရှေ့မှ ဝေဝါးဝါး အလင်းတန်း လိုက်ကာကို ကြည့်လိုက်ပြီး သူ၏ အမူအရာသည် မပြောင်းလဲခဲ့ပဲ သူ့မျက်လုံးများ အတွင်းမှ အလင်းတန်းများ လင်းလက်လာသည်။

နင်းဝမ်ကောသည် သူ၏ဘေးတွင် ရပ်နေရင်း သူ့အားကြည့်လိုက်သည်။ "ဇူရီနဲ့ ရှီထျန်းဟောင်တို့က အခု ဘယ်ကို ရောက်နေပြီလဲ"

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဟင်းလင်းပြင် စစ်တလင်း အတွင်းမှ ဆက်သွယ်နိုင်ဖို့က မလွယ်ဘူး… သူတို့က ဘယ်ရောက်နေသလဲ ဆိုတာကို ကျုပ်ကလည်း မသိဘူး"

သူ၏ အရှေ့မှ အလင်းတန်း လိုက်ကာအား ခေတ္တမျှ ကြည့်လိုက်ကာ သူမျက်လုံးများ အလယ်တွင် အဖြူနှင့် အနက်ရောင် ကြက်ခြေခတ်တစ်ခု ပေါ်လာသည်။ ပြီးတာနှင့် သူသည် ထူးခြားဆန်းကြယ်သော စွမ်းအားများဖြင့် ပြည့်နေသော ထိုကြက်ခြေခတ်အား ပစ်လွှတ်လိုက်သည်။

ထိုအရာကို ကြည့်လိုက်ပြီး နင်းဝမ်ကောက ထိတ်လန့် တုန်လှုပ်သွားသည်။ "တာအိုရောင်းရင်းဝမ်… ရှင်…"

ဝမ်လင်းက ပြောလိုက်သည်။ "ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက ကျုပ်ဆရာကြောင့် ဒဏ်ရာ ရသွားခဲ့တယ်… ဒါပေမဲ့ သူမရဲ့ ဗီပရာလိုပါ အဆင့်က စွမ်းအားတွေနဲ့ သူမကို တိုက်ခိုက်ရတာက လွယ်ကူမှာ မဟုတ်ဘူး"

"ကျုပ်ကလည်း ကျုပ်ဆရာလိုမျိုး လောကနှစ်ပါး လေဟာနယ် မန္တန်ရဲ့ လျှို့ဝှက်ချက်တွေကို နားမလည်ဘူး… ဟင်းလင်းပြင် စစ်တလင်း အတွင်းမှ အခြေအနေတွေက ရှုပ်ထွေးနေတယ်… ကျုပ်က မဟာစေတန် ကိုယ်ပွားနဲ့ နေရာချင်း လဲနိုင်ပေမဲ့ နတ်ဘုရားနယ်မြေ ဆေးမီးဖိုကိုတော့ မယူလာနိုင်ဘူး"

"ဒါကြောင့် ကျုပ်တို့က ဒီပြင်ပကမ္ဘာကို လုံးဝ ဖျက်စီးနိုင်ခဲ့ရင် ဟေးဒီးစ်ဧကရာဇ် ချန်ထားခဲ့တဲ့ ပစ္စည်းတွေကိုပါ ဖျက်စီးပစ်နိုင်လိမ့်မယ်"

နင်းဝမ်ကောသည် ထိုစကားကို ကြားရသော အခါ မအောင့်နိုင်ပဲ ဝမ်လင်းအား လှမ်းကြည့်လိုက်သည်။ ယင်ပင်လယ် အတွင်းမှ အိမ်မက်များကြောင့် သူသည် ဝမ်လင်းအား အတန်ငယ် နားလည်နေသည်။ သို့သော်လည်း ဤအချိန်တွင် သူမသည် ဘာမှ မတတ်နိုင်ပဲ ကျောရိုးများအတွင်းမှ စိမ့်ကနဲ ခံစားခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now