၁၃၄၁-၁၃၄၂

185 16 0
                                    

စာစဥ် ၆၉ : အပိုင်း ၁၁

အပိုင်း ၁၃၄၁ : အင်မော်တယ် နဂါးမြို့တော်၏ နေရာသဲလွန်စ

"ဒါကို ဝတ်ထားလိုက်" ဝမ်လင်းသည် သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်ရာ ခရမ်းရောင် အလင်းတန်း တစ်တန်းသည် ရှီထျန်းဟောင်၏ လက်အပေါ်သို့ ကျရောက်လာသည်။ ထိုအရာသည် လက်စွပ်ကဲ့သို့ အရာတစ်ခု ဖြစ်သည်။

ထိုအရာသည် ဟေးဒီးစ်ဧကရာဇ် ချန်ရစ်ခဲ့သော လက်စွပ်ဖြစ်ပြီး ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ လျှိုကြီးက ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ လျှိုကြီးသည် ယွင်ချန်းနှင့် ရင်ဆိုင်ခဲ့ရသော အခါ သူသည် ထိုလက်စွပ်ကို အသုံးပြုခဲ့၍ တိုက်ခိုက်ခဲ့သည်။

လျှိုကြီး ဒဏ်ရာ အပြင်းအထန် ရရှိသွား အပြီးတွင် ဝမ်လင်းသည် အလျင်အမြန် ရောက်လာ၍ သူနှင့်အတူ ထိုလက်စွပ်အား အတူတကွ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

သူ၏အရှေ့မှ ပြင်ပလောကသည် အမှန်ပင် ဟေးဒီးစ်ဧကရာဇ်နှင့် ပတ်သတ်နေသည်ကို တွေ့ခဲ့ရသော အခါ ရှီထျန်းဟောင်သည် အရံအတားများကို ချိုးဖောက်၍ ရတနာကို ဝင်ယူလိုနေသဖြင့် ဝမ်လင်းက သူ့အား ထိုလက်စွပ်ကို ပေးခဲ့ခြင်းဖြစ်သည်။

ရှီထျန်းဟောင်သည် လက်စွပ်ကို ယူဆောင်လိုက်ပြီး ပြင်ပလောက၏ ဝင်ပေါက်အတွင်းသို့ ဝင်သွားခဲ့သည်။ သူ့အပြင် နင်းဝမ်ကောကလည်း ဘူးတောင်းကဲ့သို့ လောကအတွင်းသို့ ဝင်သွားခဲ့ကာ ဇူရီနှင့် ဝမ်လင်းတို့သည် ပြင်ပတွင် အခြားသူများ၏ ဝင်ရောက် နှောင့်ယှက်မှုကို ကာကွယ်ရန် စောင့်နေခဲ့သည်။

ဇူရီသည် ဝမ်လင်းအား ကြည့်၍ လက်နှစ်ဘက်ဆုပ်ကာ ပြောလိုက်သည်။ "တတိယ ဂျူနီယာက စင်စစ် ဖြစ်တည်မှုကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်"

ဝမ်လင်းကလည်း လက်နှစ်ဘက်ဆုပ်၍ ပြန်လည် တုံ့ပြန်လိုက်ကာ သူ၏ တည်ငြိမ်နေသော မျက်လုံးအစုံတွင် နွေးထွေးသော အရိပ်အယောင်များ ပေါ်လာသည်။ "ဒုတိယ စီနီယာက အရမ်း ကြင်နာတာပဲ"

ဇူရီသည် သူ၏ အကြည့်အား မိချောင်း နတ်ဘုရား၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသော လျှိုကြီးထံသို့ ရွှေ့ပြောင်းလိုက်ကာ အချိန်အနည်းငယ် ကြည့်လိုက်ပြီး သူ၏ မျက်မှောင်များသည် ကြုတ်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Där berättelser lever. Upptäck nu