အပိုင်း ၁၁၉၇-၁၁၉၈

209 18 0
                                    

စာစဥ် ၆၂ : အပိုင်း ၇

အပိုင်း ၁၁၉၇ : မဟာချင် အင်ပါယာ၏ ဆုံးဖြတ်ချက်

ဤအချိန်တွင် မဟာချင် အင်ပါယာ၏ မြို့တော်ဖြစ်သော ရှီးလင်မြို့ အတွင်းမှ အခြေအနေသည် ထူးခြားစွာဖြင့် တည်ငြိမ်နေ၏။ သူတို့၏ ဧကရာဇ်ဖြစ်သော ရှီယုသည် ကျဆုံးသွားခဲ့ကာ သူတို့၏ မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းသို့ စေလွှတ်ခဲ့သော စစ်တပ်ကလည်း ပျက်သုဥ်းသွားသည်။ သို့သော်လည်း ဤသတင်းများကို မပျံ့ရအောင် ဖိနှိပ်ထားခဲ့သည်။

သို့သော်လည်း ရှီးလင်မြို့ အတွင်းမှ နန်းတော်အတွင်း၌မူ မြင်ကွင်းမှာ မည်းမှောင်ညိုမှိုင်းနေ၏။ သေမင်း လွှမ်းခြုံထားသည့် တည်ငြိမ်မှု တစ်ခုကို ခံစားနိုင်ကာ ပတ်ဝန်းကျင်မှာ အထူး မွန်းကျပ်နေသည်။

မဟာချင် အင်ပါယာသည် ဤအချိန်တွင် အခြေအနေများကို ကြိုးစား ထိန်းချုပ်ထားကာ ကစဥ့်ကလျား မဖြစ်နေခဲ့သော်လည်း နန်းတော်အတွင်းမှ လူများစွာတို့သည် စိုးရိမ်ပူပန်သော အမူအရာများဖြင့် ရှိနေကြသည်။

နန်းတော်၏ အလယ်တွင် လူအချို့ရှိနေ၏။ သူတို့သည် အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်နေကြကာ သူတို့ဘေးတွင် မှော်စွမ်းအင် ပုံရိပ်အချို့ ရှိနေကြသည်။ သူတို့သည် ဤနေရာသို့ ကိုယ်တိုင် မလာနိုင်သည့် မဟာချင် အင်ပါယာမှ အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤနည်းလမ်းဖြင့် သူတို့သည် မဟာချင် အင်ပါယာ၏ အရေးအကြီးဆုံး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

သူတို့သည် ဤနေရာတွင် လူကိုယ်တိုင် ရောက်နေသည် ဖြစ်စေ၊ ပုံရိပ်ဖြင့်သာ ရှိနေသည် ဖြစ်စေ၊ အားလုံးတို့၏ အကြည့်သည် မသိစိတ်မှနေ၍ လွတ်နေသော နဂါးပလ္လင် အပေါ်သို့ ကျရောက်နေကြကာ ရင်အတွင်းမှနေ၍ သက်ပြင်းများကို ချနေကြသည်။

တော်ဝင် မိသားစုမှ အင်မော်တယ် ဝိညာဥ် အဆင့် အကြီးအကဲ တစ်ယောက်သည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျုပ်တို့က နောက်ဆုံးဧကရာဇ် ရည်ရွယ်ထားတဲ့ အတိုင်း သူ့အမိန့်အရ ဆောင်ရွက်ကြစို့"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now