အပိုင်း ၁၄၆၀ : သေခြင်းနှင့် ပျက်စီးခြင်းများ မရှိသော ထာဝရ လောက

126 17 0
                                    

စာစဥ် ၇၆ : အပိုင်း ၁၀

အပိုင်း ၁၄၆၀ : သေခြင်းနှင့် ပျက်စီးခြင်းများ မရှိသော ထာဝရ လောက

လျှိုကြီးသည် အချိန်ကာလနှင့် လေဟာနယ် ဒိုင်မန်းရှင်းများ အားလုံးတို့တွင် တည်ရှိနေကာ ထာဝရ ဖြစ်နေခဲ့သည်။

ဤအရာသည် ဟေးဒီးစ်ဧကရာဇ်က သူ့သားအား လျှိုကြီးဟု နာမည်ပေးခဲ့သော အကြောင်းရင်းပင် ဖြစ်ပေလိမ့်မည်။ သူ့နာမည်သည် ဟေးဒီးစ် ဧကရာဇ်က သူ့သားအပေါ်တွင် ထားခဲ့သော မျှော်လင့်ချက်များကို ကိုယ်စား ပြုနေခဲ့သည်။ လူသားများ ဖြစ်စေ၊ မိစ္ဆာများ ဖြစ်စေ၊ လျှိုကြီးလောကသည် ကျင့်ကြံသူများ အားလုံးတို့၏ နောက်ဆုံးပန်းတိုင် ဖြစ်သည်။

သို့သော်လည်း ယခင်ကတည်းက တစ်ယောက်ကမှ ဤလောကသို့ မရောက်နိုင်ခဲ့ကြပေ။

လင်းဖုန်းသည် အင်မော်တယ်ဝိညာဥ် တတိယ အဆင့်သို့ ရောက်သွားသော အခါ သူ၏ မဟာတာအိုအား နားလည်မှုသည် အမြင့်ဆုံး အဆင့်သို့ ရောက်သွားခဲ့သည်။

သူ့သည် မဖျက်ဆီးနိုင်သော လောကနှင့် လျှိုကြီးလောကတို့ အကြားတွင် နောက်ထပ် အဆင့်တစ်ခု ရှိနေမှန်းကို အာရုံခံနိုင်ခဲ့သည်။

ဤအဆင့်သည် အမတန်မှ ထူးခြား ဆန်းကြယ်လှပြီး ဤအဆင့်တွင် တစ်ယောက်၏ စွမ်းအားများသည် မတိုးတက်လာနိုင်သော်လည်း တာအို သဘောတရားများက ပြောင်းလဲသွားသည်။

ဤလောက အတွင်းသို့ ဝင်ရောက်သွား အပြီးတွင် တစ်ယောက်၏ စွမ်းအားများသည် မတိုးတက်ခဲ့သော်လည်း ကြမ္မာပန်းတိုင် တာအိုအား နားလည်မှုသည် တိုးတက်လာ၍ လျှိုကြီးလောကနှင့် ပို၍ နီးကပ်လာကာ သာလွန်နိုင်ခြေ ရှိလာနိုင်သည်။ ဤအရာသည် မသာလွန်မီ နောက်ဆုံး ပြင်ဆင်မှုပင် ဖြစ်သည်။

လင်းဖုန်းသည် ထိုက်ကျိစာအုပ်အား ဖန်တီးနိုင်၍ သူ၏ တာအိုသစ်သီးအား ကျင့်ကြံနိုင်ခဲ့သော အခါ သူ၏ ကောင်းကင်နှင့် မြေကြီးတို့၏ ကြမ္မာပန်းတိုင်အား နားလည် သဘောပေါက်မှုသည် ဤလောက၏ စံနှုန်းနှင့် တူညီသွားခဲ့သည်ဟု အာရုံခံနိုင်ခဲ့သည်။

ယခုအချိန်တွင် သေမင်းပင်လယ်၏ ထကြွ လှုပ်ရှားမှုများကို မြင်ခဲ့ရသော အခါ ဤခံစားချက်သည် ပို၍ ကြည်လင် ပြတ်သားလာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Waar verhalen tot leven komen. Ontdek het nu