အပိုင်း ၁၄၄၆ : တစ်ယောက်၏ အကြွေးများကို ပြန်ဆပ်ခြင်း

136 18 0
                                    

စာစဥ် ၇၄  : အပိုင်း ၁၆

အပိုင်း ၁၄၄၆ : တစ်ယောက်၏ အကြွေးများကို ပြန်ဆပ်ခြင်း

လင်းဖုန်း၏ တပည့် အများစုသည် တိုက်ပွဲအတွင်းတွင် အခွင့်အရေးများကို အသုံးချတတ်သူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ရှစ်ယောက် အနက် ယွဲ့ဟုန်ယန်၏ တိုက်ခိုက်သည့် ပုံစံသည် အခက်ထန်ဆုံး ဖြစ်သည်။ သူမသည် သူမ ပြိုင်ဘက်အား တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေး မပေးရုံသာ မကပဲ နောက်ဆုတ်ရန်လည်း မစဥ်းစားပေ။

ထိုအရာသည် သူမ၏ သိုင်းဝိညာဥ် စိတ်ဓာတ် ဖြစ်သဖြင့် သူမ၏ ဆရာအနေဖြင့် လင်းဖုန်းသည် သူမ ပုံစံအား ပြောင်းလဲရန် မကြိုးစားခဲ့ပေ။ အကယ်၍ ပြောင်းလဲခဲ့လျှင်လည်း သူမ၏ စွမ်းရည် အပေါ်၌ ရှောင်လွဲ၍ ရမည် မဟုတ်ပဲ ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။

သူမအား သိပ်ပြီးမှ ပြောင်းလဲ၍ ရမည် မဟုတ်သဖြင့် လင်းဖုန်းသည် သူမ၏ အားနည်းချက်များအား ဖုံးကွယ်နိုင်ရန် သူမ သိုင်းကွက်များကို အနည်းငယ်သာ အပေါ်ယံ ပြုပြင်ပေးခဲ့သည်။

လင်းဖုန်းကိုယ်တိုင် ကျင့်ကြံခဲ့သော ဆာရို မှော်သစ်ပင်၏ အခြေခံမှာ ဆာရို သံမဏိ သစ်ပင် ဖြစ်သည်။ သူသည် အခြား စွမ်းအားများ၊ မှော်ကျိန်စာများနှင့် ပေါင်းစည်းနိုင်သဖြင့် သူ၏ ခံစစ် စွမ်းအားများသည် ကြီးမားလှကာ မသေဝိညာဥ် တတိယ အဆင့်မှ သန့်စင်သော သွေးမျိုးဆက် ရွှမ်းဝူနှင့် ဆာရို သံမဏိ သစ်ပင် တစ်ပင်ထက်ပင် ပို၍ သာလွန်ပေသည်။

ယွဲ့ဟုန်ယန်၏ ဆီးနှင်းမုန်တိုင်း ချိုင့်ဝှမ်းမှ တပည့်များသည်လည်း ယွဲ့ဟုန်ယန်နှင့် တူညီသော တိုက်ပွဲပုံစံများ ရှိကြသဖြင့် ဆာရို မှော်သစ်ပင်သည် အထူး သင့်လျှော်သော ရွေးချယ်မှု ဖြစ်သည်။

ဤအချိန်တွင် ယွဲ့ဟုန်ယန်သည် ဝိညာဥ်ပင်လယ် အတွင်းသို့ မဝင်ခင်ကတည်းက ဆာရို မှော်သစ်ပင်အား သူမနှင့် အတူ ယူဆောင်လာခြင်း ဖြစ်သည်။

ဤအချိန်တွင် ဆာရို မှော်သစ်ပင်၏ အကာအကွယ်ဖြင့် ယွဲ့ဟုန်ယန်သည် စီးရီးယပ် မဟာပဏ္ဍိတနှင့် တိုက်ခိုက်ရာတွင် ခံစစ်အား ဂရုစိုက်စရာ မလိုတော့ပဲ စွမ်းအားအကုန်သုံး၍ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now