အပိုင်း ၁၄၅၁ : ယခင် အယူအဆများအား လုံးဝ ပြောင်းလဲပစ်ခြင်း

132 17 0
                                    

စာစဥ် ၇၅ : အပိုင်း ၁

အပိုင်း ၁၄၅၁ : ယခင် အယူအဆများအား လုံးဝ ပြောင်းလဲပစ်ခြင်း

ယမမင်း တော်ဝင်စံအိမ် တုန်ခါသွားသော အခါ လေဟာနယ်သည် လျင်မြန်စွာ ကျုံ့ဝင်လာ၍ အကျဥ်းထောင်ကဲ့သို့ သေမင်းဧကရာဇ်အား ဖြည်းဖြည်းချင်း ချုပ်နှောင်ထားခဲ့သည်။

ပလ္လင်ပေါ်မှ ပြုတ်ကျလာသော ဝမ်လင်းသည် ယမမင်း တော်ဝင်စံအိမ် အတွင်းသို့ အစုပ်ယူ ခံခဲ့ရသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားသည်။

သေမင်းဧကရာဇ်သည် သူ၏ခေါင်းကို လှည့်၍ ယမမင်း တော်ဝင်စံအိမ်မှ တဆင့် ပြင်ပကမ္ဘာသို့ လှမ်းကြည့်လိုက်ရာ သူဖြတ်သန်းလာခဲ့သော ငရဲကမ္ဘာသို့ သွားသောလမ်း၊ ငရဲကမ္ဘာ မြစ်ရေနှင့် ဒုက္ခရောက်နေသော ရေများအပေါ်က တံတားတို့သည် စတင်၍ တုန်ခါလာသည်ကို တွေ့လိုက်ရသည်။

လူသားပုံရိပ် အချို့က ရုတ်တရက် ပေါ်လာကြ၍ သူတို့အားလုံးတို့သည် ဝမ်လင်းနှင့် ဆင်တူနေကြသည်။

ငရဲကမ္ဘာသို့ သွားသောလမ်း အပေါ်တွင် ပြတ်သားသော လူငယ်တစ်ယောက် ပေါ်လာသည်။ သူမျက်နှာ အပေါ်မှ ခိုင်မာသော အကြည့်မှ လွဲ၍ သူသည် သာမန်ပုံသာ ပေါက်နေသည်။ သူ၏ ငြိမ်သက် ပြတ်သားသော အကြည့်သည် အနည်းငယ် သန့်စင်ပုံ ပေါက်နေသေး၍ သူ၏ လက်ရှိ အခက်အခဲများကို ကျော်လွှားရန် ဆုံးဖြတ်ထားပြီး ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များကို သယ်ဆောင်ထားခဲ့သည်။

ငရဲကမ္ဘာ မြစ်အပေါ်တွင် မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားကာ အမူအရာ ကင်းမဲ့နေသည့် လူငယ်တစ်ယောက် ပေါ်လာသည်။ သူသည် ကျောက်တုံး တစ်တုံးကဲ့သို့ မလှုပ်မယှက် နေနေခဲ့ပြီး မြစ်၏ အစိတ်အပိုင်း တစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သေခြင်းနှင့် ရှင်ခြင်းတို့ အကြားတွင် ရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ဒုက္ခရောက်နေသော ရေများအပေါ်က တံတား အပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော သာမန်ဟုသာ ထင်နေရသည့် လူငယ်တစ်ယောက် ပေါ်လာကာ သူ့ဘေးမှ ရှုခင်းများကို ကြည့်နေသည့်ပုံ ပေါက်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now