အပိုင်း ၁၄၄၅ : ဝံပုလွေအား သုတ်သင်ခြင်း

136 16 0
                                    

စာစဥ် ၇၄ : အပိုင်း ၁၅

အပိုင်း ၁၄၄၅ : ဝံပုလွေအား သုတ်သင်ခြင်း

လင်းဖုန်းသည် ထိုက်ရီသူတော်စင်၏ တိုက်ခိုက်မှုအား ခုခံနေရင်း တစ်ချိန်တည်းတွင် ပြိုလဲခြင်း စာအုပ်ကို အသုံးပြုကာ အန္တိမ ကောင်းကင်ကြေးမုံအား ဆက်လက်၍ ဖိနှိပ်နေသည်။

ထိုက်ရီသူတော်စင်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သော အခါ သူ့အနားမှ စွမ်းအင်သည် ပို၍ ထူးခြား ဆန်းကြယ်လာပြီး ဆက်တိုက် မြင့်တက်လာကာ နောက်ဆုံးတွင် စကြာဝဠာ စကျင်ဗုဒ္ဓနှင့် ယှဥ်နိုင်သွား၍ သူ၏ သာလွန်ကောင်းကင် မှော်ကျိန်စာသည် ပို၍ ဖျက်ဆီးနိုင်စွမ်း အားကောင်းလာသည်။

သို့သော်လည်း သူ့အနားမှ စွမ်းအင်များသည် ရိုင်းစိုင်း ကြမ်းကြုတ်ခြင်း ရှိမနေပဲ သဘာဝလည်း ကျမနေချေ။ ထို့အစား သူသည် အခြေခံ မခိုင်မာသော အဆောက်အအုံ တစ်ခုကဲ့သို့ မလွန်အမင်း မတည်မငြိမ် ဖြစ်နေခဲ့သည်။ သူသည် မည်မျှပင် ကြည့်ကောင်းနေသော်လည်း ပြိုကျလာနိုင်သည့် အန္တရာယ်က အမြဲရှိနေသည်။

ထိုက်ရီသူတော်စင်ကဲ့သို့သော ကျင့်ကြံသူ တစ်ယောက်၏ အဆင့်အရ ထိုအရာသည် မူမမှန်ပဲ အန္တရာယ် ကြီးမားသော အရာတစ်ခု ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင် သူသည် လင်းဖုန်း၏ ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရသဖြင့် သူတတ်နိုင်သည်မှာ စွန့်စားရန်ပင် ဖြစ်သည်။ ထိုက်ရီသူတော်စင်သည် သူ့မျက်လုံးများကို ဖွင့်လိုက်သော အချိန်တွင် အတွင်းမှ မှေးမှိန်သော အလင်းတန်းသည် တည်ငြိမ်၍ ပြတ်သားနေသည်။

သို့သော်လည်း ဤအရာသည် လင်းဖုန်း မခုခံနိုင်သော အရာတစ်ခု မဟုတ်ချေ။ လင်းဖုန်း၏ ခေါင်းပေါ်မှ ပြိုလဲခြင်း စာအုပ်သည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ကျင့်ကြံသူများနှင့် ဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။

ကျန်းရီသူတော်စင်နှင့် ရွှမ်းရီ သူတော်စင်တို့သည် အန္တရာယ် ကျရောက်နေချိန်တွင် ထိုက်ရီသူတော်စင်သည် သူ၏အံကို ကြိတ်လိုက်ကာ အန္တိမ ကောင်းကင်ကြေးမုံ၏ စွမ်းအား အများစုအား သေမင်းပင်လယ် အပေါ်မှ အက်ကွဲကြောင်း အပေါ်၌သာ အသုံးပြုနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Wo Geschichten leben. Entdecke jetzt