၁၃၈၆ မှ ၁၃၉၀

208 13 0
                                    

စာစဥ် ၇၁ : အပိုင်း ၁၆

အပိုင်း ၁၃၈၆ : အန္တိမ တောင်ဝှေးကို ကိုင်ဆောင်ထားသော ရွှေမျောက်

ဝိညာဥ်ပင်လယ်သည် ထင်ထားသည်ထက် များစွာပိုစော၍ ပြန်ပွင့်လာခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင် ဘုရားကျောင်း အနေဖြင့် အကြီးမားဆုံးသော ပြဿနာမှာ အန္တိမ ကောင်းကင်ကြေးမုံက အပြည့်အဝ ပြန်လည် မသက်သာလာသေးခြင်း ဖြစ်သည်။

သို့တိုင်အောင် အန္တိမ ကောင်းကင်ကြေးမုံသည် ဝိညာဥ်ပင်လယ် အတွင်းတွင် မဟာကမ္ဘာ အတွင်းကထက် ပိုမိုကြီးမားသော စွမ်းအားများကို ထုတ်ဖော် ပြသနိုင်ခဲ့သည်။

မဟာတာအို အလင်းတန်းများသည် တောက်ပသော ကြေးမုံ အလင်းတန်းအား ထောက်ပံ့ပေးနေကာ အန္တိမ ကောင်းကင်ကြေးမုံအား ဝိညာဥ်ပင်လယ်၏ ဗဟိုချက် ဖြစ်လာစေသည်။ သူသည် ဝိညာဥ်ပင်လယ်အား အနည်းငယ် ထိန်းချုပ်နိုင်သည့် စွမ်းအားကိုပင် ပေးနိုင်ခဲ့သည်။

အန္တိမ ကောင်းကင်ကြေးမုံနှင့် ရင်းနှီး ကျွမ်းဝင်နေကြသည့် လင်းဖုန်းနှင့် ပုံရိပ်ယောင်နေမင်းကဲသို့သော သူများသည် ဤအရာကြောင့် အံ့အားမသင့်သွားကြပေ။

အန္တိမ ကောင်းကင်ကြေးမုံ၏ စွမ်းရည်များကို ထည့်မတွက်လျှင်ပင် ဟင်းလင်းပြင် ဘုရားကျောင်းသည် ရှိနေကြသော အဖွဲ့များ အတွင်းတွင် အကြီးမားဆုံး နေရာကို သိမ်းပိုက်ထားနိုင်သည်။ သူတို့သည် နေရာ တစ်ခုလုံး၏ တစ်ဝက်နီးပါးကို နေရာယူထားနိုင်ကြသည်။

ဝိညာဥ်ပင်လယ် နောက်ဆုံး ပွင့်ခဲ့သည့် အချိန်က ဟင်းလင်းပြင် ဘုရားကျောင်းသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဟေးဒီးစ် မျိုးနွယ်စုတို့ ပါဝင်သည့် အဖွဲ့သုံးဖွဲ့ အတွင်းတွင် ဦးဆောင်နိုင်ခဲ့သည်။

ဤအချိန်တွင် သူတို့၏ အားသာချက်များကို မြင်နိုင်ခဲ့သည်။

ဝိညာဥ်ပင်လယ် အတွင်းမှ တိုက်ပွဲသည် ဤအဖွဲ့ အသီးသီးတို့၏ ဆက်ဆံရေး မျဥ်းကြောင်းများကို ဝေဝါးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အားသာချက် အကြီးမားဆုံး ရခဲ့သော အဖွဲ့သည် အားလုံးတို့၏ ဘုံရန်သူ ဖြစ်လာသောကြောင့် ဖြစ်သည်။ အတိတ်က ရန်သူများကပင် ယခုအချိန်တွင် အတူတကွ ပူးပေါင်းကာ ဘုံရန်သူကို ချေမှုန်းကြမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now