၁၃၆၅-၁၃၆၆

159 18 0
                                    

စာစဥ် ၇၀ : အပိုင်း ၁၅

အပိုင်း ၁၃၆၅ : မိဘနှင့် ကလေး

လီရှင်းဖေး၏ မိဘများသည် ယခုအချိန်တွင် သူမအား စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများ အတွင်းတွင် လွန်စွာ ရှုပ်ထွေးနေသော ခံစားချက်များကို တွေ့နေနိုင်သည်။

သူမ၏ ဖခင်သည် ဘာမှ မပြောခဲ့ပဲ သူမ၏ မိခင်က သက်ပြင်းချလိုက်သည်။ သူမသည် လီရှင်းဖေးအား ကြည့်၍ ပြောလိုက်သည်။ "မင်းက ဘာကို တွေ့ရှိခဲ့သလဲ"

"ကျွန်မက လတ်တလောမှသာ သိခဲ့တာပါ… အဖေနဲ့ အမေတို့ဟာ ဟင်းလင်းပြင် ဘုရားကျောင်း အတွင်းမှာ အရေးပါတဲ့ နေရာတွေမှာ ရှိခဲ့ပြီး ကျွန်မ အရင်က ထင်ထားသလိုမျိုး သာမန်လူတွေ မဟုတ်ခဲ့ဘူး… အမေတို့ နှစ်ယောက်စလုံးဟာ ကျွန်မလိုမျိုး ကျင့်ကြံသူတွေပဲ… ဒါ့အပြင် အမေတို့ရဲ့ နောက်ခံကလည်း သာမန်မဟုတ်ဘူး"

လီရှင်းဖေးက ပြောလိုက်သည်။ "ဒီလိုဆိုတော့ အမေတို့က ဘာဖြစ်လို့ ကျွန်မကို ပိုင်ယွင်တောင်မှာ မကျင့်ကြံစေခဲ့တာလဲ"

"အမေတို့ နှစ်ယောက်စလုံးဟာ ဥပေက္ခာ မဟာလမ်းစဥ်ကို ကျင့်ကြံနေရင်း ကျင့်ကြံမှုတွေ ဆုံးရှုံးသွားခဲ့ပြီး ပိုင်ယွင်တောင်ကနေ ထွက်ခွာခဲ့ရတယ်… ဒီလိုဆိုတော့ ကျွန်မကို ဟင်းလင်းပြင် ဘုရားကျောင်း အတွင်းမှာ သင်ယူနိုင်အောင် စီစဥ်ပေးဖို့ အာဏာ မရှိတော့ဘူး… ဒါပေမဲ့ ကျွန်မကို ဂိုဏ်းအတွင်းကို ဝင်နိုင်ဖို့ ဆန်းစစ်မှုတွေကို ပေးဖြေလို့ ရသေးတာပဲ"

သူမ၏ မိခင်သည် အချိန်အတန်ကြာ ငြိမ်သက်နေပြီးမှ သူမ၏ မျက်လုံးများ အတွင်းတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်လာသည်။ "ငါတို့က အဲ့ဒီလိုမျိုးပဲ ဖြစ်စေချင်တယ်… အဲ့လိုဆိုရင် အခြေအနေတွေက အခုလိုမျိုး ကသိကအောက် ဖြစ်သွားတောမှာ မဟုတ်ဘူး"

သူမ၏ ဖခင်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "အခုလည်း ကောင်းနေတယ် မဟုတ်လား… မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဝင်သွားပြီး ကျင့်ကြံမှုတွေ အများကြီး တိုးတက်သွားတယ်… မင်းက ငါတို့ အတိတ်တုံးကထက်တောင် ပိုကောင်းနေပြီး ငါတို့က မင်းအတွက် ပျော်ရွှင်နေတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now