၁၃၆၉-၁၃၇၀

171 18 0
                                    

စာစဥ် ၇၀ : အပိုင်း ၁၉

အပိုင်း ၁၃၆၉ : အားလုံးတို့တွင် သူတို့၏ ကိုယ်ပိုင် ပြဿနာများ ရှိသည်

လျှမ်ကန်းသည် သူ့အရှေ့တွင် ရပ်နေသော ယန်တီအား ကြည့်၍ ပြုံးလိုက်သည်။ "ငါဟာ မင်းအင်မော်တယ်ဝိညာဥ် အဆင့်ကို ရောက်သွားတုံးက ဂုဏ်မပြုခဲ့ရသေးဘူး"

ယန်တီက ပြုံး၍ ပြန်ပြောလိုက်သည်။ "အရှင်မင်းမြတ်က အမတန်မှ ကြင်နာတာပဲ… အရှင်မင်းမြတ် ကိုယ်တိုင်ကလည်း အင်မော်တယ်ဝိညာဥ် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်"

ယခုအချိန်တွင် လျှမ်ကန်းသည် အခြေတည် ဝိညာဥ် နောက်ဆုံး အဆင့်တွင်သာ ရှိနေသေးသည်။ မဟာကျိုး အင်ပါယာသည် ဤနှစ်များ အတွင်းတွင် စွမ်းအားများကို တည်ဆောက်နိုင်ခဲ့သော်လည်း သူတို့၏ ယခင်နေ့များကို ပြန်ရောက်ရန် အများကြီး လိုသေးသည်။ ယန်တီ၏ လက်ရှိ ကျင့်ကြံမှုနှင့် အဆင့်အတန်း အရ သူတို့နှစ်ယောက်သည် အဆင့်တူနေသည်။ အနည်းငယ် မသင့်တော်ဟု ထင်နေရသော်လည်း လွန်ကဲသည်ဟု ပြော၍မရပေ။

သို့သော်လည်း ယန်တီသည် လျှမ်ကန်းအား အမတန်မှ ရိုသေနေသည်။ အဘယ်ကြောင့်ဆိုသော် လျှမ်ကန်းသည် သူ၏ဆရာ ဇူရီနှင့် နီးစပ်သော ဆက်ဆံရေးများ ရှိသောကြောင့် ဖြစ်သည်။

ဇူရီသည် ရွှေရောင်ဗဟိုချက် အဆင့်တွင်သာ ရှိသေးပြီး မဟာကျိုး အင်ပါယာသို့ စာမေးပွဲဖြေရန် သွားရောက်ခဲ့သော အခါ သူတို့နှစ်ယောက်သား ခင်မင် ရင်းနှီးခဲ့ကြသည်။ ဇူရီသည် ထျန်းကျင်းမြို့တွင် ရှိနေစဥ်က လျှမ်ကန်းသည့် သူ့အား အတော် ကြည့်ရှုပေးခဲ့သည်။

ထိုအချိန် မတိုင်မီက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် မဟာကျိုး အင်ပါယာတို့ အကြားမှ ဆက်ဆံရေးသည် တဖြည်းဖြည်း ဆိုးဝါးလာသဖြင့် လျှမ်ကန်းသည် သူ၏ဖခင် လျှမ်ပန်းနှင့် ရင်ဆိုင်ခဲ့ရသော အခါ အနည်းငယ် ခက်ခဲခဲ့သည်။

လင်းဖုန်းသည် သူ့အား တမင်သက်သက် အခက်တွေ့အောင် မလုပ်ခဲ့သော်လည်း လျှမ်ကန်းအနေဖြင့် ထိုအချိန်က မဟာကျိုး အင်ပါယာ အတွင်းတွင် အကြဥ်ခံခဲ့ရကာ စောင့်ကြည့်ခြင်းခံခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now