အပိုင်း ၁၄၇၅ : အခွင့်အရေး ရောက်လာပြီ

160 18 0
                                    

စာစဥ် ၇၆ : အပိုင်း ၅

အပိုင်း ၁၄၇၅ : အခွင့်အရေး ရောက်လာပြီ

မဟာကမ္ဘာ အတွင်းတွင် နောက်ထပ် သတင်းတစ်ပုဒ်က လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

ကြွယ်ဧကရာဇ် ရွှမ်ဆန်းသည် မဟူရာ ပင်လယ် အတွင်းသို့ ဆုတ်ခွာသွားရကာ အပိတ်ဆို့ ခံနေရပြီး အပြင် ထွက်မလာနိုင်တော့ချေ။

ထို့ကြောင့် မူလကောင်းကင် ကမ္ဘာ အတွင်းတွင် နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အဆုံးစွန် ဧကရာဇ် ရှန်းယွမ်သည် အသုတ်သင်ခံလိုက်ရပြီး ရွှမ်ဆန်းကလည်း လုံးဝ ရှုံးနိမ့်သွားခဲ့ကာ နောက်ဆုံးတွင် မဟူရာ ပင်လယ် အတွင်းတွင် အပိတ်ဆို့ခံခဲ့ရသည်။

လင်းဖုန်းသည် ရှန်းယွမ်အား ဓားတစ်ချက်တည်းဖြင့် နှိမ်နင်းခဲ့ကာ ရွှမ်ဆန်း၏ လက်ရှိ အခြေအနေသည် လင်းဖုန်း၏ စွမ်းအားများကို နောက်ထပ် သက်သေပြနေခဲ့သည်။ သူသည် ရှန်းယွမ်အား ကံကောင်း၍ သတ်ဖြတ်နိုင်ခဲ့ခြင်း မဟုတ်ပဲ သူ၏ စွမ်းအားများသည် သူ့ပြိုင်ဘက်ထက် အထက်တန်း ကျနေသည်မှာ မေးခွန်းထုတ်ရန် မလိုပေ။

မဟာကမ္ဘာ အတွင်းမှ အားလုံးတို့သည် ယခုအချိန်တွင် ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာမှ ဝိညာဥ်ပင်လယ် အပေါ်သို့ အာရုံစိုက်နေကြကာ ဝိညာဥ်ပင်လယ် အတွင်းမှ အခြေအနေသည် မည်သို့ ဖြစ်လာမည်ကို သိချင်နေကြသည်။

လင်းဖုန်း၏ ပြသခဲ့သော စွမ်းအားများသည် ဝိညာဥ်ပင်လယ်က သူ့အတွက် ဖြစ်နေပြီဟု ဆိုလိုနေသလော။

လင်းဖုန်း၏ ကိုယ်ပွား သုံးခုတို့သည် ဤအချိန်၌ ဝိညာဥ်ပင်လယ် အတွင်းရှိ မူလရွှေခွက် အပေါ်တွင် ထိုင်နေကြကာ သူတို့၏ ခန္ဓာကိုယ် အပေါ်သို့ အလင်းတန်းများက လွှမ်းခြုံနေခဲ့သည်။

သူတို့အောက်မှ ရွှေရောင် ရေအိုင်ကလည်း စတင်၍ ခြောက်ခန်းလာခဲ့ပြီ ဖြစ်သည်။

ထကြွ လှုပ်ရှားနေသော ဝိညာဥ်ပင်လယ်သည် ယခုအချိန်တွင် ပြန်လည် ငြိမ်သက်လာခဲ့ပြီ ဖြစ်၍ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသော စိတ်ဝိညာဥ် စွမ်းအင်များနှင့် ကောင်းကင်နှင့် မြေကြီး အတွင်းသို့ စိမ့်ဝင်သွားကြသော မဟာ တာအိုများကလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now