အပိုင်း ၁၁၃၉ - ၁၁၄၀

275 22 0
                                    

စာစဥ် ၅၉ : အပိုင်း ၉

အပိုင်း ၁၁၃၉ : အနာဂတ်ကို ဘယ်သူက ပိုင်ဆိုင်တာလဲ

အကယ်၍ လင်းဖုန်းကသာ မူလကောင်းကင် ကမ္ဘာ အတွင်းတွင် ရှိမနေခဲ့လျှင် ရူဧကရာဇ် (သို့မဟုတ် စကြာဝဠာ စကျင်ဗုဒ္ဓ)သည် ဤကမ္ဘာကို ကျော်လွန်သွားနိုင်ပေသည်။

သို့သော်လည်း လင်းဖုန်းက ရှိနေသဖြင့် သူသည် မူလကောင်းကင် ကမ္ဘာ အတွင်းတွင် အပိတ်ခံနေရသည်။

လင်းဖုန်း၏ ပါရမီ ဇန်မာစတာအား ကူညီခဲ့မှုနှင့် မတူပဲ ရူဧကရာဇ်၏ ပြဿနာမှာ ကြမ္မာပန်းတိုင်နှင့် ကံတရားတို့ အပေါ်တွင် မူမတည်နေပေ။ ထို့အစား ထိုအရာသည် ဗုဒ္ဓ အဆုံးအမ၏ အခြေခံနှင့် ပတ်သတ်နေသည်။

ရှုထောင့် တစ်ခုမှ ကြည့်လိုက်လျှင် အကယ်၍ လင်းဖုန်းသည် ရူဧကရာဇ်အား ဤဒွိဟမှ ချိုးဖောက်နိုင်ရန် ကူညီပေးလိုလျှင် သူက မူလကောင်းကင် ကမ္ဘာကို အရင် ကျော်လွန်သွားရမည် ဖြစ်သည်။

သို့သော်လည်း အကယ်၍ သူသည် မူလကောင်းကင် ကမ္ဘာအား ကျော်လွန်နိုင်ပါက ရူဧကရာဇ်၏ ပြဿနာသည် ရှိပင် ရှိတော့မည် မဟုတ်ချေ။

ဤအရာသည် ရူဧကရာဇ်သာ မကပဲ ပါရမီ ဇန်မာစတာ အပါအဝင် ကျန်သော ဗုဒ္ဓ ကျင့်ကြံသူ အားလုံးတို့က ရင်ဆိုင်ရမည့် ပြဿနာ ဖြစ်သည်။ သို့သော်လည်း ကျန်သောသူများ၏ ကျင့်ကြံမှု အဆင့်မှာ နိမ့်ကျနေကြသေးသဖြင့် သူတို့သည် သူတို့၏ အရှေ့မှ လမ်းမှာ လမ်းပိတ်တစ်ခု ဖြစ်နေသည်ကို မမြင်နိုင်ကြပေ။

သူတို့၏ လမ်းကြောင်းမှ အတားအဆီး အမျိုးမျိုးတို့အား ကျော်လွန်နိုင်မှသာ ဗုဒ္ဓကျင့်ကြံသူများသည် ဤပြဿနာများကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဗုဒ္ဓ ကျင့်ကြံသူများ မည်မျှက ထိုအဆင့်သို့ ရောက်နိုင်သည် ဟူသည်ကို မည်သူမှ မသိချေ။ ယခုအချိန်တွင် ဤပြဿနာကို သဘောပေါက်သူမှာ ဗုဒ္ဓကိုယ်တိုင်သာ ဖြစ်သည်။

ဤအရာသည် ကမ္မ သဘောတရား ဆွေးနွေးပွဲကဲ့သို့ အချေအတင် ငြင်းခုံကာ ဖြေရှင်းနိုင်သည့် အရာမျိုး မဟုတ်ချေ။ ထို့အစား ဤပြဿနာသည် ဗုဒ္ဓကိုယ်တိုင်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now