အပိုင်း ၁၄၇၀ : လင်းဖုန်းနှင့် တော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးတို့၏ တိုက်ပွဲ

153 17 0
                                    

စာစဥ် ၇၅ : အပိုင်း ၂၀

အပိုင်း ၁၄၇၀ : လင်းဖုန်းနှင့် တော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးတို့၏ တိုက်ပွဲ

မဟာဟင်းလင်းပြင် သူတော်စင်နှင့် ဗုဒ္ဓတို့သည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာနှင့် တော်ဝင်ကောင်းကင် ဝင်္ကပါအတွင်းမှ အရာ အားလုံးတို့အား ကြည့်နေရင်း စိတ်ပျံ့လွင့်နေခဲ့သည်။

ကြွယ်ဧကရာဇ်နှင့် ရှန်းယွမ်တို့ကလည်း သူတို့အနားမှ အရာများကို စိတ်ဝင်တစား ဖြစ်နေခဲ့သည်။

သို့သော်လည်း သူတို့သည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းသို့ ရောက်နေသော အချိန်တွင် အသက်အန္တရာယ် ရှိနေသဖြင့် အရင်ဆုံး လွတ်မြောက်ရန် အာရုံစိုက်နေရသည်။

ကြွယ်ဧကရာဇ်သည်လည်း တော်ဝင်ကောင်းကင် ဝင်္ကပါအတွင်းတွင် အဖိနှိပ်ခံနေရသော်လည်း လင်းဖုန်းသည် မဟာဟင်းလင်းပြင် သူတော်စင်နှင့် ဗုဒ္ဓတို့၏ ထောက်ပံ့မှုများကို ဆုံးရှုံးသွားသဖြင့် ကြီးမားသော ဖိအားများ အောက်တွင် ကျရောက်နေခဲ့သည်။

တော်ဝင်မိစ္ဆာ ဧကရာဇ် နှစ်ပါးတို့သည် ရန်သူများ ဖြစ်နေကြသော်လည်း ဤအချိန်တွင် တော်ဝင်ကောင်းကင် ဝင်္ကပါအား ချိုးဖောက်နိုင်ရန် အတွက် လက်တွဲရန် လိုလားနေကြသည်။

ကြောက်မက်ဖွယ်ရာ နဂါးဟောက်သံနှင့် အံ့အားသင့်ဖွယ် မျောက်အော်သံတို့သည် ဤအချိန်တွင် ပဲ့တင်ရိုက်လာခဲ့၍ ကြွယ်ဧကရာဇ်နှင့် ရှန်းယွမ်တို့သည် တော်ဝင်ကောင်းကင် ဝင်္ကပါအား အမျက်တကြီးဖြင့် စတင်၍ တိုက်ခိုက်ခဲ့ကြသည်။

မူလကောင်းကင် ကမ္ဘာ၏ သမိုင်းအတွင်းတွင် တော်ဝင်မိစ္ဆာ ဧကရာဇ် သုံးပါးတို့သည် မတူညီသော ခေတ်သုံးခေတ်တွင် အုပ်စိုးခဲ့ကြ၍ သူတို့သည် သူတို့ အချိန်များ အတွင်း၌ ထိပ်ဆုံးနေရာ၌ ရှိနေကြသူများ ဖြစ်ကြသည်။

ကြွယ်ဧကရာဇ် ရွှမ်ဆန်း ဖြစ်စေ၊ အဆုံးစွန် ဧကရာဇ် ရှန်းယွမ် ဖြစ်စေ၊ သူတို့ အနက်မှ တစ်ယောက်ကပင် မူလကောင်းကင် ကမ္ဘာအား ဗြောင်းဆန်စေရန် လုံလောက်အောင် သန်မာနေကြပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Opowieści tętniące życiem. Odkryj je teraz