၁၄၁၇-၁၄၁၈

145 17 0
                                    

စာစဥ် ၇၃ : အပိုင်း ၇

အပိုင်း ၁၄၁၇ : ငရဲကမ္ဘာ ပင်လယ်သခင်နှင့် သေမင်းဧကရာဇ်တို့ တိုက်ခိုက်ခြင်း

ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်၊ ကောင်းကင်ကမ္ဘာဖျက် မီးတောက်၊ အကြွင်းမဲ့ သွေးမြစ်ရေ၊ ငရဲကိုးလွှာ လေပြင်း၊ အဝီစိ ငရဲမုန်တိုင်းနှင့် ငရဲကမ္ဘာ အကြွင်းမဲ့ရေတို့သည် ငရဲကမ္ဘာ ပင်လယ် အတွင်းမှ နတ်ဆိုးစွမ်းအားများ ဖြစ်ကြသည်။

သူတို့ခြောက်မျိုး အပြင် ငရဲကမ္ဘာ ပင်လယ် အတွင်းတွင် အနက်ရောင် ဖျက်ဆီးမှု အနှစ်သာရ၊ မိစ္ဆာအိမ်မက် ကျက်သရေ ကျောက်ခဲ၊ နတ်ဆိုးမျက်လုံး တစ္ဆေမီးတောက်၊ မိုးကြိုး လှိုင်းဂယက်နှင့် အခြား ကပ်ဆိုး များစွာတို့ ရှိနေသေးသည်။

သူတို့ တစ်ခုချင်းစီသည် မဟာကမ္ဘာ အတွင်းသို့ ရောက်လာခဲ့လျှင် အကြီးအကျယ် ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ဤအချိန်၌ ငရဲကမ္ဘာ ပင်လယ် အတွင်းမှ ကပ်ဘေး တစ်ခုချင်းစီသည် ရှောင်ယန်ထံသို့ စုစည်းလာကြလေသည်။

သူတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် နေရာ တစ်ခုတည်းသို့ စုစည်းနေ၍ ပျက်စီးမှုသည် အဆုံးသတ် မဟုတ်ချေ။ ပြန်လည် မွေးဖွားခြင်း စက်ဝန်းသည် ထာဝရ ဖြစ်နေ၍ ဤအချိန်တွင် သူတို့၏ ဖျက်ဆီးနိုင်မှု စွမ်းအားများသည် အကန့်အသတ်မဲ့နေသကဲ့သို့ ဖြစ်နေသည်။

ဤအရာသည် ရှောင်ယန်က ငရဲကမ္ဘာ ပင်လယ် အတွင်းတွင် နှစ်ပေါင်းများစွာ နေထိုင်အပြီးတွင် တီထွင်နေခဲ့သော အရာတစ်ခု ဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မဟာကောင်းကင် တာအိုကျမ်းစာအား နားလည်မှုနှင့် ငရဲကမ္ဘာ ပင်လယ် အတွင်းမှ ကပ်ဆိုးများစွာတို့အား ပေါင်းစည်းကာ သူသည် မြင့်တက်လာသော ပျက်စီးခြင်းကို တီထွင်နိုင်ခဲ့သည်။

ငရဲကမ္ဘာ ပင်လယ် အတွင်းတွင် ဤမှော်ကျိန်စာအား အသုံးပြုခြင်းသည် ငရဲကမ္ဘာ ပင်လယ် တစ်ခုလုံး၏ စွမ်းအားများကို ထုတ်ဖော်နိုင်ကာ သူ့အား မဟာကမ္ဘာ အတွင်းတွင် အသုံးပြုခြင်းထက် စာလျှင် ပို၍ ပြင်းထန်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now