အပိုင်း ၁၁၃၁ - ၁၁၃၂

250 16 0
                                    

စာစဥ် ၅၉ : အပိုင်း ၁

အပိုင်း ၁၁၃၁ : သူက သေပြီးသွားပြီ

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ ဖြစ်စေ၊  ယန်နန်းလိုင်နှင့် လျှမ်ပန်းတို့ ဖြစ်စေ၊ သူတို့သည် လင်းဖုန်းက သူ၏ အေးရီးစ်ကိုယ်ပွားနှင့် ဤမျှအထိ လျင်မြန်စွာ နေရာပြောင်းနိုင်သည်ကို အံ့အားသင့်နေကြသည်။

သူတို့၏ စွမ်းအားများဖြင့် လင်းဖုန်းသည် အစောပိုင်းက အေးရီးစ်ကိုယ်ပွားပုံစံ ရုပ်ဖျက်ထားခြင်း မဟုတ်မှန်းကို ကောင်းစွာ ပြောနိုင်ကြသည်။

ယခုအချိန်တွင် တစ်ခဏ အချိန်မျှလေးတွင် လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသည် သူ၏ မူလခန္ဓာကိုယ် ဖြစ်သွားခဲ့သည်။

"သူက မဟာလွင်တီးခေါင် ကုန်းမြေက လင်းယွမ်တောင်တန်းမှာ ရှိနေနိုင်တယ်… မဟုတ်ရင် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနဲ့ နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတတို့က တစ်ခုခု မှားနေတယ် ဆိုတာကို သိသွားကြမှာပဲ" ယန်နန်းလိုင်က မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။

"သူက ဘယ်လိုလုပ်ပြီး ခြားနားတဲ့ ကမ္ဘာနှစ်ခု အကြားမှာ သူ့ကိုယ်ပွားနဲ့ နေရာချင်း လဲနိုင်ခဲ့တာလဲ… ဒီလိုဆိုရင် သူက လွန်ခဲ့တဲ့ နှစ်တွေတုံးက ငရဲကမ္ဘာ ပင်လယ်မှာလည်း ဒီလိုမျိုး လုပ်ခဲ့တာလား"

"ကြယ်စင်ပင်လယ် အတွင်းမှာ သူ့ရဲ့ကိုယ်ပိုင် ဝင်ပေါက်က ချိပ်အပိတ် ခံထားရပေမဲ့ သူက ဒီလိုမျိုး လုပ်နိုင်စွမ်း ရှိနေတာလား"

ယန်နန်းလိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ "ဒီလူက လေဟာနယ် ဥပဒေသတွေနဲ့ ပတ်သတ်ပြီး ထူးချွန်ပြောင်မြောက်တဲ့ အဆင့်အထိ နက်ရှိုင်းစွာ နားလည် သဘောပေါက်ထားတယ်"

တိုင်ဧကရာဇ်၏ တော်ဝင်နန်းတော် အတွင်းတွင် ထိုင်နေသော လျှမ်ပန်းကလည်း လင်းဖုန်းအား ကြည့်နေရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ယင်ပင်လယ် အတွင်းမှ တိုက်ပွဲအကြောင်းအား ပြန်၍ စဥ်းစားနေခဲ့သည်။ "အဲ့ဒီအချိန်က သူကလည်း ဒီလိုမျိုး အကွက်တွေကို သုံးခဲ့တာလား"

လင်းဖုန်းသည် ယန်နန်းလိုင်နှင့် လျှမ်ပန်းတို့၏ ခန့်မှန်းချက်များကို ဂရုမစိုက်နေခဲ့ပေ။ သူသည် ကြောက်မက်ဖွယ်ရာ ခံစားချက်များကို ပေးနိုင်သော အရိုးကို ကြည့်နေရင်း သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ "ဒါက တကယ်ပဲ ဟေးဒီးစ် ဧကရာဇ်ရဲ့ အကြွင်းအကျန် ဖြစ်နိုင်သလား… ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက ဘယ်လိုလုပ်ပြီး သူ့ကို ရခဲ့တာလဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Dove le storie prendono vita. Scoprilo ora