၁၂၃၁-၁၂၃၂

214 18 1
                                    

စာစဥ် ၆၄ : အပိုင်း ၁

အပိုင်း ၁၂၃၁ : သွားပြီးမှသာ ဖမ်းပါ

လျှပ်တစ်ပြက် အတွင်း၌ နင်းဖန်သည် လုယွမ် မဟာပဏ္ဍိတနှင့် တော်ဝင်အိမ်တော် သခင်တို့၏ အရှေ့သို့ ရောက်လာခဲ့သည်။ ခက်ထန်လှသော မိစ္ဆာစွမ်းအားများ ပေါ်လာကာ မူလက လူသားခန္ဓာကိုယ်နှင့် တူနေသည့် သူ၏ ကိုယ်ပေါ်တွင် ရှည်လျားသော ငွေရောင်သားမွေးများ ဖုံးလွှမ်းသွားကြသည်။ သားမွေးများ၏ အပေါ်၌ ခရမ်းရောင် အလင်းတန်းများ လင်းလက်နေကြလေ၏။

ခရမ်းရောင် အလင်းတန်းများ၏ အပေါ်၌ စိမ်းပြာရောင် မှော်သင်္ကေတများ ပေါ်လာကာ ကခုန်နေကြသည်။

နင်းဖန်သည် သူ၏ အစစ်အမှန် ပုံစံအား ချက်ချင်း ပြသလိုက်ကာ သူ၏ စွမ်းအားများကို အဆုံးတိုင် ထုတ်ဖော်လိုက်သည်။ သူ၏ လက်သည်းနှစ်ဘက်အား တပြိုင်နက် မြှောက်လိုက်ကာ လုယွမ် မဟာပဏ္ဍိတနှင့် တော်ဝင်အိမ်တော် သခင်ထံသို့ တပြိုင်နက် ကုတ်ချလိုက်သည်။

ဟင်းလင်းပြင်တွင် အစိမ်းရောင် အလင်းတန်းများ လင်းလက်သွားကာ လေဟာနယ်ကို ချိုးဖျက်လိုက်၍ အထက်မြက်ဆုံး ဓားသွားအလား ဒိုင်မန်းရှင်းများကို ခုတ်ချလိုက်လေသည်။

ခက်ထန်လှသော စွမ်းအားများသည် လုယွမ် မဟာပဏ္ဍိတနှင့် တော်ဝင်အိမ်တော် သခင်တို့၏ ရင်များအား အေးစက်သွားစေသည်။

ဤဟေးဒီးစ်သားရဲ၏ စွမ်းအားများမှာ ပေါင်းစည်းကြယ်စင် ဝိညာဥ် အဆင့်တွင်သာ ရှိသေးပြီး ကပ်ဘေးများကို ရင်မဆိုင်ရသေးပေ။ သို့သော်လည်း သူ၏ မိစ္ဆာစွမ်းအားများသည် ကာဒီနယ် ကပ်ဘေးများကို စတင်ရင်ဆိုင်နေပြီ ဖြစ်သော ရှန်းလျှို မဟာပဏ္ဍိတကဲ့သို့ မိစ္ဆာများထက်ပင် များစွာပို၍ သန်မာနေ၏။

လုယွမ် မဟာပဏ္ဍိတသည် ရူးသွပ်နေသည့်ပုံ ပေါက်နေသော်လည်း အမှန်တွင် လူလည်တစ်ယောက် ဖြစ်၏။ သူ့တွင် ရန်သူ၏ စွမ်းအားများ၊ သူနှင့် မဟာမိတ်တို့၏ စွမ်းအားများအား အကြမ်းဖျင်း သုံးသပ်နိုင်စွမ်း ရှိနေသည်။

သို့သော်လည်း ယခုအချိန်တွင် နင်းဖန်၏ အဓိက ပစ်မှတ်မှာ သူသာဖြစ်၍ သူ၏ အမြန်နှုန်းသည် မယုံနိုင်အောင် လျင်မြန်လှသည်။ လုယွမ် မဟာပဏ္ဍိတသည် ဘာမှ ရွေးချယ်ခွင့် မရှိပဲ တိုက်ခိုက်မှုကို ရင်သာ ရင်ဆိုင်ခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now