၁၂၂၅-၁၂၂၆

200 17 0
                                    

စာစဥ် ၆၃ : အပိုင်း ၁၅

အပိုင်း ၁၂၂၅ : သွေးလွှမ်းသော ဆုတ်ခွာမှု

ယန်နန်းလိုင်သည် ကောင်းဟန်၊ လင်းတောက်ဟန်၊ ကျန်သောသူများနှင့် ပြန်လည် စုစည်းနိုင်ခဲ့သော်လည်း တိုက်ပွဲသည် ဟင်းလင်းပြင် ဘုရားကျောင်းဘက်သို့ မပါနေပေ။ သူတို့သည် ခုခံနိုင်စွမ်း ရှိနေသေးသော်လည်း ရွှမ်းရီ သူတော်စင်နှင့် ချင်းလွမ်တို့၏ တိုက်ပွဲတွင် အခြေအနေက သိသိသာသာ ဆိုးနေသည်။

သို့သော်လည်း ဤအချိန်တွင် ယန်နန်းလိုင်သည် အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါအား အားဖြည့်ရန်နှင့် ရွှမ်းရီ သူတော်စင်အား ထောက်ပံ့ရန် မတတ်နိုင်တော့ပေ။

အစောပိုင်းတွင် အန္တိမ ကောင်းကင်ကြေးမုံသည် သေမင်းဧကရာဇ်၏ လှုပ်ခါမှုကို ခံခဲ့ရကာ ဟင်းလင်းပြင် ဘုရားကျောင်းအား နောက်ဆုတ်မှုမှ ဟန့်တားပြီး ခံစစ်ကိုသာ အာရုံစိုက်စေခဲ့သည်။

ယခုအချိန်တွင် သေမင်းဧကရာဇ်သည် အားကုန်သုံး၍ တိုက်ခိုက်ခဲ့ကာ ထိုက်ရီသူတော်စင်နှင့် အန္တိမ ကောင်းကင်ကြေးမုံတို့၏ မဟူရာ ပင်လယ် အတွင်းမှ အခြေအနေကို ပိုဆိုးစေခဲ့သည်။

ပိုင်ယွင်တောင်မှ အခြေအနေထက် စာလျှင် မဟူရာ ပင်လယ်အတွင်းမှ အခြေအနေသည် ပိုမို အရေးကြီးနေကာ ဟင်းလင်းပြင် ဘုရားကျောင်း အတွက် ပိုမို ဆုံးရှုံးစေနိုင်သည်။

ထို့ကြောင့် ယန်နန်းလိုင် အနေဖြင့် ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။ ကောင်းဟန်၊ လင်းတောက်ဟန်၊ ချင်းနင်သူတော်စင်၊ ဖုယွင်ခုံးနှင့် ကျန်သောသူများသည် သူဆိုလိုနေသည်ကို အဓိပ္ပာယ် ပေါက်နေကြသည်။

ယန်နန်းလိုင်သည် တိုက်ပွဲမှ ရှောင်ပြေး၍ လွတ်လမ်းရှာတတ်သူ တစ်ယောက်မဟုတ်ချေ။ ထို့အစား သူသည် လိုအပ်သော အကြွင်းမဲ့ အနစ်နာခံခြင်းကို ပြုလုပ်ရန် စိတ်အတွင်းမှ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် အခြား စစ်မြေပြင် တစ်ဘက်သို့ သွားကာ သေမင်းဧကရာဇ်၏ အန္တိမ ကောင်းကင်ကြေးမုံအား လုယူနေခြင်းကို ဟန့်တားမည် ဖြစ်သည်။

သွေးဝိညာဥ် ငြိမ်ဝပ်ပိပြားခြင်း မှော်ကျိန်စာ။ သူသည် ကမ္ဘာဦးခေတ်မှ လူသား စေတန်လမ်းစဥ်ဖြစ်သော သွေးဝိညာဥ် မဟာကျိန်စာထံမှ ဆင်းသက်လာသော မှော်မိစ္ဆာ လျှို့ဝှက် မှော်ကျိန်စာ ဖြစ်သည်။ စေတန်လမ်းစဥ်မှ ကျင့်ကြံသူများက လေ့လာခဲ့ အပြီးတွင် ကြမ်းကြုတ် ယုတ်ညံ့သော ဤမှော်ကျိန်စာကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now