၁၄၁၃-၁၄၁၄

158 15 0
                                    

စာစဥ် ၇၃ : အပိုင်း ၃

အပိုင်း ၁၄၁၃ : ရှောင်ယန်၏ ငရဲကမ္ဘာ ပင်လယ်အား ထိန်းချုပ်ခြင်း

ရှောင်ယန်သည် မီးတောက်များဖြင့် ဝိုင်းရံထားသော သူ၏ စင်စစ် ဖြစ်တည်မှုအား ဖော်ပြလိုက်သည်။ ခရမ်းပြာရောင် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နှင့် အနက်ရောင် ကောင်းကင်ကမ္ဘာဖျက် မီးတောက်တို့သည် ငရဲကမ္ဘာ ပင်လယ်၏ ထောင့်အားလုံးမှ နေ၍ ထွက်ပေါ်လာကာ ရှောင်ယန်ထံသို့ စုစည်းလာလေသည်။

ကြောက်မက်ဖွယ်ရာ မီးတောက် နှစ်မျိုးတို့သည် သူ၏ နောက်ကျောတွင် အပြာနှင့် အနက်ရောင် တောင်ပံ တစ်ခုစီ ဖြစ်သွားကြသည်။

ထိုတောင်ပံ၏ အရွယ်အစားသည် 'နေမင်းအား ဖုံးအုပ်နိုင်အောင် ကြီးမားသည်' ဟူ၍သာ ဖော်ပြ၍ ရမည် မဟုတ်ချေ။ တောင်ပံများက ဆန့်တန်းလာသည်နှင့် သူတို့သည် ငရဲကမ္ဘာ ပင်လယ် တစ်ခုလုံးအား ဖုံးလွှမ်းသွား၍ သူတို့နှင့် ထိတွေ့ခဲ့သမျှ အရာအားလုံးတို့အား လောင်ကျွမ်းခဲ့သည်။

ဤမီးတောက် နှစ်မျိုးတို့၏ စွမ်းအားများကို အစွမ်းကုန် မြှင့်တင်လိုက်ခြင်းဖြင့် ရှောင်ယန်သည် ပို၍ပင် ခက်ထန်၍ အစွမ်းထက်လာသည်ဟု ထင်နေရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အပြာရောင်နှင့် အနက်ရောင်များဖြင့် လွှမ်းခြုံနေ၍ ငရဲမှ လာခဲ့သော မီးနတ်ဘုရားနှင့် တူနေခဲ့သည်။

အားလုံးတို့သည် ထိုအရာကို တွေ့ခဲ့ရသော အခါ သူတို့၏ အကြည့်များက တွန့်ဆုတ်သွားကြသည်။ သေမင်းဧကရာဇ်နှင့် စန်ထူဇီတို့သည် သူတို့၏ ခေါင်းများကို တိတ်တိတ်ကလေး ခါလိုက်ကြကာ တွေးလိုက်သည်။

"ငါတို့က အတတ်နိုင်ဆုံး ကြိုးစားပြီး နှောင့်ယှက်ခဲ့ပေမဲ့ သူ့ရဲ့ ငရဲကမ္ဘာ ပင်လယ် အပေါ် ကျင့်ကြံမှုဟာ ငါတို့ထက် အများကြီး ရှေ့ရောက်နေပြီ… သူက ဒီအထဲမှာ ကပ်ဘေးရဲ့ စွမ်းအားတွေကိုပါ ထည့်သွင်းနိုင်စွမ်း ရှိနေပြီ"

ဤအထိ တွေးခဲ့ပြီးသော်လည်း သေမင်းဧကရာဇ်နှင့် ကျန်သောသူများ၏ မျက်နှာ အမူအရာများသည် မပြောင်းလဲခဲ့ကြပေ။ သေမင်းဧကရာဇ်သည် သူ၏ လက်များကို အသုံးပြု၍ မှော်ကျိန်စာ တစ်ခုကို ထုတ်ဖော်လိုက်ပြီး ကပ်ဘေးထံသို့ ညွှန်ပြလိုက်ကာ သူ၏ သဘာဝလွန် အသိစိတ်များကို သူ့အတွင်း၌ ထည့်သွင်းခဲ့လေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now