အပိုင်း ၁၁၃၇ - ၁၁၃၈

243 18 2
                                    

စာစဥ် ၅၉ : အပိုင်း ၇

အပိုင်း ၁၁၃၇ : စကြာဝဠာ စကျင်ဗုဒ္ဓနှင့် ဆေးဝါးဗုဒ္ဓ

သကျမုနိ ဗုဒ္ဓ၏ စကားများမှာ အဝေးသို့တိုင်အောင် ပျံ့လွင့်သွာသည်။ ဗုဒ္ဓကျင့်ကြံသူများနှင့် သက်ဝင်ယုံကြည်သူများသည် သူတို့၏ နှလုံးသားများ အတွင်းမှနေ၍ ကြားလိုက်ရသည်။

ဗုဒ္ဓကျင့်ကြံသူနှင့် သက်ဝင်ယုံကြည်သူများ အားလုံးတို့သည် စတင်၍ ပြုံးလာကြသည်။ သူတို့၏ လက်အုပ်များကို အတူတကွ ချီလိုက်ကြ၍ ပြောလိုက်ကြသည်။ "စကြာဝဠာ စကျင်ဗုဒ္ဓကို ကြိုဆိုပါတယ်… ဗိုင်ဒုရာ နိဗာသ ကမ္ဘာက ငါတို့အပေါ်မှာ ကျရောက်လာပြီ"

တွင်းနက်ကြီး အတွင်းမှ ဗိုင်ဒုရာ နိဗာသ ကမ္ဘာ အတွင်းတွင် ကောင်းကင်စေတီ၏ ထိပ်ဖျား၌ အဖြူရောင် အလင်းတန်း တစ်ခုက ပေါ်လာကာ ဆင်းသက်လာ၏။

ထိုအလင်းတန်း ပထမ ပေါ်လာသောအခါ လင်းဖုန်းသည် ကောင်းကင်စေတီ၏ အပေါ်၌ ပုံရိပ်တစ်ခု လျင်မြန်စွာဖြင့် ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

ထိုအရာသည် မဟာသာဝက ဆယ်ပါးအနက်မှ တစ်ပါး၏ ရွှေရောင်ပုံစံ ဖြစ်သည်။ သူသည် ချက်ချင်း ဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သော်လည်း လင်းဖုန်းက မှတ်မိခဲ့သည်။ သူ၏ အစွမ်းထက်သော မှော်ကျိန်စာနှင့် တိုက်ခိုက်မှုများကြောင့် သူသည် အစွမ်းအထက်ဆုံး ဗုဒ္ဓ ကျင့်ကြံသူအဖြစ် သတ်မှတ်ခြင်း ခံထားရ၏။ သူသည် မောဂ္ဂလာန်၏ ရွှေရောင်ပုံစံပင် ဖြစ်သည်။

အစောပိုင်းက လင်းဖုန်း၏ ခန့်မှန်းချက်မှာ ဤအခမ်းအနားကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ရွှေရောင်ပုံစံ သုံးခုလိုအပ်မည် ဖြစ်သည်။

ယခုကြည့်ရသည်မှာ ကောင်းကင်စေတီသည် ခရမ်းရောင် အလင်းတန်း ပင်လယ်၏ စိတ်ဝိညာဥ် စွမ်းအင်များ၊ မဟာမိုးကြိုး ကျောင်းတော်၏ အပျက်အစီးများကို ပေါင်းစည်းကာ မောဂ္ဂလာန်၏ ရွှေရောင်ပုံစံဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည်။

လျှမ်ပန်းသည် တိုင်ဧကရာဇ်၏ တော်ဝင်နန်းတော် အတွင်းတွင် ထိုင်နေကာ လင်းဖုန်း၊ ယန်နန်းလိုင်တို့နှင့် စိတ်ချင်း ဆက်သွယ်လိုက်သည်။ "ကျုပ်တို့ အတူတကွ ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်သင့်တယ်… ဗုဒ္ဓ ပြန်ရောက်လာတာက ကျုပ်တို့အတွက် အကျိုးမရှိနိုင်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now