၁၂၅၃ မှ ၁၂၅၆

219 19 0
                                    

စာစဥ် ၆၅ : အပိုင်း ၃

အပိုင်း ၁၂၅၃ : ဒီခေတ်က ခင်ဗျားခေတ် မဟုတ်တော့ဘူးလို့ ကျုပ်အစောကတည်းက ပြောပြီးသားပဲ

လင်းဖုန်းသည် သူ့အရှေ့မှ မိန်းကလေးအား ကြည့်လိုက်ကာ ပြုံးလိုက်သည်။ "ရွှမ်းလီ… ဂုဏ်ယူပါတယ်"

ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်အား ဒဏ်ရာရစေကာ နောက်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့သော မိန်းကလေးမှာ ရွှမ်းလီပင် ဖြစ်သည်။ အစွမ်းထက်လှသော ကြောက်မက်ဖွယ်ရာ ဓားသည် ကောင်းကင်ဖျက်ဆီး ဓားပင် ဖြစ်သည်။

လင်းဖုန်းသည် သူ၏လက်အား ဆန့်တန်းလိုက်ရာ ရွှမ်းလီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူမ၏ ထက်မြက်အေးစက်သော အကြည့်သည် အနည်းငယ် နူးညံ့သွားသည်။ သူမသည် လင်းဖုန်းထံသို့ လျှောက်လာပြီး သူမ၏ လက်ကိုလည်း ဆန့်တန်းလိုက်ကာ လင်းဖုန်း၏ လက်ဝါးအား ပွတ်သပ်လိုက်သည်။

ရွှမ်းလီ၏ ခန္ဓာကိုယ်သည် အလင်းစက်များဖြင့် စတင်၍ လင်းလက်လာပြီး သူမ၏ ရုပ်ပုံသည် စီးဆင်းနေသော အလင်းတန်း တစ်တန်းအဖြစ် ပျောက်ကွယ်သွားသည်။

ထိုအလင်းတန်းသည် လင်းဖုန်း၏ လက်ဝါးအတွင်းသို့ စုစည်းသွား၍ ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုဓားရှည်သည် အလွန်အမင်း ထက်မြက်သည်ဟု မထင်နေရသော်လည်း သူ့ဓားသွား၏ မျက်နှာပြင်ပေါ်တွင် ခန့်မှန်း၍ မရနိုင်သော မှော်ဆန်သည့် မကြည်လင်သော အလင်းတန်း တစ်ခု လင်းလက်လာသည်။ သူ့ထံမှနေ၍ ခက်ထန်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

မူလကောင်းကင် ကမ္ဘာ အတွင်းမှ ခက်ထန်သော ဓာတ်ငွေ့များသည် ဓားသွားအပေါ်သို့ စတင်၍ စုစည်းလာကာ ဓားအားပို၍ ရန်လို ကြမ်းကြုတ်လာစေသည်။

ဓားသွားသည် သံမဏိဖြင့် ထုလုပ်ထားသည်ဟု ထင်မနေရပဲ ကြည်လင်သော ရေဖြင့် ဖန်ဆင်းထားသည်ဟု ထင်နေရ၏။ သို့သော်လည်း ရေ၏အရောင်မှာ ပြောပြရန် ခက်ခဲသည်။ သူသည် အဖြူမဟုတ်သလို အနက်လည်း မဟုတ်ပေ။ သူသည် တောက်ပစွာဖြင့် လင်းလက်နေသော်လည်း သူမှနေ၍ သေမင်းပင်လယ် ရေကဲ့သို့ မှောင်မည်းသော ခံစားချက်များကို ထုတ်လွှတ်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now