အပိုင်း ၁၄၃၀ : အကြွင်းမဲ့ ဒေါသထွက်ခြင်း

153 18 0
                                    

စာစဥ် ၇၃ : အပိုင်း ၂၀

အပိုင်း ၁၄၃၀ : အကြွင်းမဲ့ ဒေါသထွက်ခြင်း

ဤအချိန်တွင် ဝိညာဥ်ပင်လယ် အတွင်းတွင် အန္တိမ ကောင်းကင်ကြေးမုံများသည် ဒိုင်မန်းရှင်းများ အားလုံးတွင် နေရာတကာ၌ ရှိနေသကဲ့သို့ ဖြစ်နေပြီး အရေအတွက် အကန့်အသတ် ကင်းမဲ့နေခဲ့သည်။

သို့သော်လည်း ပြိုလဲခြင်း စာအုပ်၏ စွန်းထင်းခြင်းကို ခံခဲ့ရ၍ မူလ အခြေအနေသို့ ပြန်လည် မရောက်နိုင်ခဲ့သော ကြေးမုံ၏ အစိတ်အပိုင်း များမှလွဲ၍ ကျန်နေသော အန္တိမ ကောင်းကင်ကြေးမုံများသည် ရုပ်ပုံစံ အဖြစ်သို့ ပြန်လည် အကောင်အထည် ပေါ်လာကြသည်။

သို့ရာတွင် သူတို့သည် လျှို့ဝှက် ဆန်းကြယ်စွာဖြင့် နူးညံ့ သိမ်မွေ့နေကာ ပုံရိပ်ယောင် ဆန်နေသလို အစစ်အမှန်လည်း ဖြစ်နေပြီး ထိုဒိုင်မန်းရှင်း အတွင်းတွင် မရှိနေကြသကဲ့သို့ ဖြစ်နေခဲ့သည်။

အားလုံးတို့သည် ဝိညာဥ်ပင်လယ်၏ ဒိုင်မန်းရှင်း အတွင်းတွင် ရှိနေကြ၍ သူတို့၏ အရိပ်များသည် အန္တိမ ကောင်းကင်ကြေးမုံ၏ အလင်းယိုင်မှုများနှင့် ထပ်နေကြသော်လည်း သူတို့သည် သူ၏ တည်ရှိနေမှုကို အာရုံခံ၍ မရနိုင်ပဲ သူ၏ အစအနလေးကိုသာ အကဲခတ်နိုင်ခဲ့ကြသည်။

ကွဲပြား ခြားနားနေသော ကမ္ဘာနှစ်ခုသည် လုံးဝကို ထပ်နေသော်လည်း အချင်းချင်း စွက်ဖက်မှု မရှိနေသကဲ့သို့ ဖြစ်နေသည်။

ပြိုလဲမှု စာအုပ်၏ အနီးအနား တွင်သာ ကမ္ဘာနှစ်ခုသည် ကြီးစိုးနိုင်ရန် သတ်ပုတ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းလက်နေသော ကြေးမုံများသည် အားလုံးတို့ ရှိနေသော ဒိုင်မန်းရှင်း အတွင်းတွင် တည်ရှိနေကြသည်ကို သိနိုင်ခဲ့သည်။

အန္တိမ ကောင်းကင်ကြေးမုံနှင့် ပြိုလဲခြင်း စာအုပ်တို့ အကြားမှ ပြိုင်ဆိုင်မှုသည် ကျန်သောသူများ အပေါ်၌ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။

မျက်စိတစ်မှိတ် အတွင်းတွင် လင်းဖုန်းသည် ထိုအုပ်စု၏ အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ ထိုအရာသည် အရေးမပါသော လှုပ်ရှားမှု တစ်ခုဟု ထင်နေရသော်လည်း အားလုံးတို့သည် သူတို့၏ စိတ်အာရုံများကို ၁၂၀% စုစည်းထားခဲ့၍ သူ့အား ရင်ဆိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now