အပိုင်း ၁၁၉၅-၁၁၉၆

199 19 0
                                    

စာစဥ် ၆၂ : အပိုင်း ၅

အပိုင်း ၁၁၉၅ : နတ်ဘုရားနယ်မြေ အတွင်းသို့ ပြန်ခြင်း

လင်းဖုန်းသည် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတနှင့် တိုက်ခိုက်နေချိန်တွင် လင်းယွမ်တောင်တန်း အတွင်းမှ မိစ္ဆာစွမ်းအားများသည် ဆထက်တမ်းပိုး တိုးတက်လာသည်။

ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတတို့သည် ဒိုင်မန်းရှင်း တံဆိပ်၏ အကျိုးသက်ရောက်မှုများကြောင့် လင်းယွမ်တောင်တန်း၏ အပြင်သို့ မထွက်နိုင်ကြသေးသော်လည်း သူတို့တွင် စွမ်းအားများစွာ ပိုင်ဆိုင်ထားကြသေးသည်။

သူတို့နှင့် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတတို့၏ နီးကပ်သော ဆက်ဆံရေးများကြောင့် သူတို့သည် သူမက လင်းဖုန်းအား ရှုံးနိမ့်သွားသည်ကို မမြင်လိုကြပေ။

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၏ ရှုံးနိမ့်သွားမှုသည် သူတို့အတွက် မည်သည့် အကျိုးမှ မရှိနိုင်ပေ။

လင်းယွမ်တောင်တန်း၏ မိစ္ဆာစွမ်းအားများသည် ဧရာမ လူဝံကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။ ထိုအသံသည် ဟင်းလင်းပြင် အတွင်း၌ ပျံ့နှံ့သွား၍ ကြားရသော သူတိုင်း၏ ရင်ကို တုန်ခါစေသည်။ ထိုဧရာမ လူဝံကြီးသည် သူ၏ လက်များကို ပင့်လိုက်၍ ယုကျင်းတောင်အား မြှောက်လိုက်သည်။

ဤအရာကို တွေ့လိုက်ရသော အခါ လင်းဖုန်းက သူ၏ လက်ချောင်းများကို အသာပုတ်လိုက်သည်။ ဓာတ်နှစ်ပါး အလင်းမြူမှုန် ၄၉စက်တို့သည် မြေပြင်အပေါ်သို့ ကျလာကြကာ ဓာတ်နှစ်ပါးတို့မှ ပေါ်လာသော မန်ဒလာ ၄၉ပွင့်တို့သည် ယုကျင်းတောင်အား ထောက်ပံ့ထားခဲ့သည်။

ယုကျင်းတောင်နှင့် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့အား တည်ငြိမ်အောင် ပြုလုပ်ပြီးသော အခါ လင်းဖုန်းသည် သူ၏ခေါင်းကို မော့၍ ဟင်းလင်းပြင်အား ကြည့်လိုက်သည်။

ထိုနေရာတွင် ထူးခြားဆန်းကြယ်သော အချိန်ကာလ လေဟာနယ် လည်ပတ်ခြင်း ဝင်္ကပါသည် အချိန်ကာလနှင့် လေဟာနယ်တို့၏ ပေါင်းစည်းမှုများကို ချိုးဖျက်နေသည့် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားကာ အရိပ်အယောင်လေး တစ်ခုသာ ချန်ထား၍ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၏ မိစ္ဆာဝိညာဥ်အား ဝန်းရံထားသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now