၁၂၄၇-၁၂၄၈

189 16 0
                                    

စာစဥ် ၆၄ : အပိုင်း ၁၇

အပိုင်း ၁၂၄၇ : သူတို့ပြိုင်ဘက်တွေက သူတို့သာဖြစ်တယ်

နဂါးငွေ့ အလင်းတန်း။

ခမ်းနားထည်ဝါလှသည့် အလင်းတန်းသည် ဟင်းလင်းပြင် အတွင်းမှ ထွက်လာကာ နဂါးငွေ့တန်းအား ဆွဲဖြဲ၍ စကြာဝဠာ တစ်ခုလုံးအား ထိုးဖောက်တော့မည်ဟု ထင်နေရသည်။

ယန်ချင်၏ စိတ်ကြီးဝင်နေသော လေသံသည် ဟင်းလင်းပြင် အတွင်း၌ ပဲ့တင်ရိုက်နေ၏။ သူ၏ မောက်မာမှုကို သက်သေပြနေခဲ့သည့် အချက်မှာ ထိုနဂါးငွေ့ အလင်းတန်းနှင့် ထိတွေ့လိုက်သော အခါ စီးခုံးယူ၏ ခန္ဓာကိုယ်က ဘာမှ မရှိခြင်း အဖြစ်သို့ လွင့်ပြယ်သွားခြင်းပင် ဖြစ်သည်။

စီးခုံးယူသည် သူ၏ တစ္ဆေ အစားထိုးခြင်း မှော်ကျိန်စာအား အသက်သွင်းရန် ပြင်ဆင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာ မလှုပ်ရှားနိုင်တော့ပဲ နဂါးငွေ့ အလင်းတန်း၏ ချုပ်နှောင်ခြင်းကို ခံထားရသည်။ ထို့ကြောင့် သူသည် ခံပြင်း နာကြည်းစွာနှင့် ဝင်ရောက်လာသည့် သေမင်းကို စောင့်သာ စောင့်နေနိုင်ခဲ့သည်။

သူ၏ စင်စစ် ဖြစ်တည်မှုသည် အနက်ရောင် မီးခိုးငွေ့ တိမ်တိုက်တစ်ခု အဖြစ်သို့ ပြောင်းသွားကာ ဟင်းလင်းပြင် အတွင်းသို့ လွင့်ပြယ်သွား၍ သူ၏ အင်မော်တယ် ဝိညာဥ်သည် တစ်ခဏအတွင်း၌ ကွဲကြေသွား၏။

"ငရဲကမ္ဘာ ရှေးပဝေသဏီ မဟာကပ်ဆိုး ကျိန်စာ" သူ၏ ကျရောက်လာတော့မည့် သေမင်းကို ခံစားလိုက်ရသော အခါ စီးခုံးယူသည် သူ၏ အင်မော်တယ် ဝိညာဥ်အား အသက်သွင်းလိုက်ရာ အနက်ရောင် အလင်းတန်းများသည် သူ့ခန္ဓာကိုယ် အတွင်းမှ နေရာပေါင်းစုံသို့ ပြေးထွက်သွားကြသည်။

သို့သော်လည်း နဂါးငွေ့ အလင်းတန်း၏ လင်းလက်မှုအောက်တွင် ဖျက်ဆီးနိုင်သော အနက်ရောင် အလင်းတန်းများ အားလုံးတို့သည် ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားကြသည်။

စီးခုံးယူသည် နဂါးငွေ့ အလင်းတန်း၏ အဆုံးမှ လည်ပတ်နေသော ထိုက်ကျိရုပ်ပုံအား မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now