၁၃၉၉-၁၄၀၀

149 15 0
                                    

စာစဥ် ၇၂ : အပိုင်း ၉

အပိုင်း ၁၃၉၉ : တစ်စုံတစ်ခု တလွဲတချော် ဖြစ်ခဲ့လျှင် မိစ္ဆာတစ်ကောင်က သေချာပေါက် ပါဝင်နေသည်

ကောင်းကင်အတွင်းရှိ အက်ကွဲကြောင်းများမှ အကြွင်းမဲ့ သွေးမြစ်ရေ၊ ငရဲကမ္ဘာ အကြွင်းမဲ့ရေ၊ ကောင်းကင်ကမ္ဘာဖျက် မီးတောက်၊ ငရဲကိုးလွှာ လေပြင်း အစရှိသော ကပ်ဆိုးများစွာတို့သည် ကြီးမားကျယ်ပြန့်စွာ ထွက်ပေါ်လာကြသည်။

သို့သော်လည်း ကြောက်မက်ဖွယ်ရာ ဤစွမ်းအားများသည် လူတစ်ယောက်တည်း၏ အထိန်းချုပ် ခံနေရသကဲ့သို့ ဖြစ်နေသည်။ အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတ၊ ယွဲ့ချန်း မဟာပဏ္ဍိတနှင့် ကျန်သော မိစ္ဆာတို့သည် တည်ငြိမ်နေခဲ့သေးသော်လည်း သူတို့၏ လက်ရှိ အခြေအနေကြောင့် သူတို့၏ ရင်များက လေးလံလာကြသည်။

အက်ကွဲကြောင်းမှ တဆင့် တစ်ယောက်သည် ခရမ်းရောင် ကိုယ်ကျပ်ဝတ်စုံနှင့် အနက်ရောင် အပေါ်ရုံ အင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်၏ ပုံရိပ်အား ရေးရေးလေး တွေ့မြင်နိုင်သည်။ သူသည် ရုပ်ရည်ချောမော၍ ငရဲကမ္ဘာ ပင်လယ်၏ ကပ်ဘေးများစွာ အကြားတွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ နေ၍ အနက်ရောင် ကောင်းကင်ကမ္ဘာဖျက် မီးတောက်နှင့် ခရမ်းပြာရောင် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်တို့သည် ထက်အောက်စုန်ဆန် လှုပ်ရှားနေကြကာ သူသည် မီးတောက်များ အကြားမှ ဧကရာဇ် တစ်ပါးနှင့် တူနေသည်။ သူသည် လင်းဖုန်း၏ တပည့်ကြီးဖြစ်၍ ယန်ဧကရာဇ်ဟုလည်း ခေါ်သော ရှောင်ယန်ပင် ဖြစ်သည်။

ရှောင်ယန်၏ မျက်လုံးများ ထံမှ တစ်ယောက်သည် ကခုန်နေသော မီးတောက်များကို တွေ့မြင်နိုင်သည်။ သို့သော်လည်း သူ၏ အကြည့်သည် အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတနှင့် ကျန်သော မိစ္ဆာများအား ကြည့်နေရာတွင် နွေးထွေးမှု တစ်စက်ကလေးမှ မရှိပဲ ရေခဲတမျှ အေးစက်နေသည်။

ယွဲ့ချန်း မဟာပဏ္ဍိတ၊ အစွန်းရောက် စိတ်ဝိညာဥ် မဟာပဏ္ဍိတနှင့် စွမ်းနီ မဟာပဏ္ဍိတတို့သည် ရှောင်ယန်အား ကြည့်လိုက်သော အခါ သူတို့၏ ကျောရိုးများ အတွင်းမှ စိမ့်ကနဲ ဖြစ်သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now