အပိုင်း ၁၁၉၁-၁၁၉၂

203 18 0
                                    

စာစဥ် ၆၂ : အပိုင်း ၁

အပိုင်း ၁၁၉၁ : ကျုပ်က ထွက်ခွာနိုင်တယ်၊ ခင်ဗျားက မရဘူး

မူလနဂါး ဘုရင်၏ စကားလုံးများသည် မြေနဂါးဘုရင်အား ပို၍ အမျက်ထွက်စေခဲ့သည်။ "နောက်ဆုံး အကြိမ်တုံးက မင်းက ကပ်ဘေးတွေကို ခံယူပြီး ဒဏ်ရာတွေကို ပြန်လည် ကုစားနေရပြီး ရှန်နဂါးကလည်း ဗီပရာလိုပါ အဆင့်ကို မရောက်သေးလို့ ငါက ဘာမှ ရွေးချယ်ခွင့် မရှိပဲ နောက်ဆုတ်ခဲ့ရတယ်"

"အခုအချိန်မှာ မင်းက အပြည့်အဝ ပြန်လည် သက်သာလာပြီး ရှန်နဂါးကလည်း ဗီပရာလိုပါ အဆင့်ကို ရောက်သွားပြီ… ငါက ဘာမှ စိတ်ထင့်စရာ မရှိတော့ဘူး… လင်းဖုန်းက သန်မာပေမဲ့ ငါမကြောက်ဘူး… အလွန်ဆုံး သေရုံပဲပေါ့"

"သူရဲဘောကြောင်စွာနဲ့ နောက်ဆုတ်မယ့်အစား ငါက ဒီမှာပဲ သေတဲ့အထိ တိုက်ခိုက်ချင်တယ်"

မူလနဂါး ဘုရင်သည် မြေနဂါးဘုရင်၏ တုံ့ပြန်မှုအား ကြိုတင်၍ ခန့်မှန်းထားပြီး ဖြစ်သည်။ သူ၏ လေသံသည် မပြောင်းလဲခဲ့ပဲ တည်ငြိမ်စွာနှင့် ဆက်ပြောလိုက်သည်။

"မင်းက အခုအချိန်မှာ ဆက်ပြီး ရုန်းကန်နေရင်လည်း မိုးပြာရောင် ကောင်းကင်ကို လက်စားချေပေးနိုင်မလား ဆိုတာကို ဘယ်သူမှ မသိဘူး… ဒါပေမဲ့ ဘိုးဘေးဘီဘင် နဂါးကနေ ဖန်တီးထားတဲ့ လူသားတွေရဲ့ အင်မော်တယ် နဂါးမြို့တော်က ဆက်ရှိနေသေးတယ်"

မြေနဂါးဘုရင်၏ အမူအရာမှာ အေးခဲသွား၏။ သူ၏ မျက်လုံးများ အတွင်းမှ အမျက်ဒေါသများ၊ အရှက်ရမှုများဖြင့် ပို၍ ပြင်းထန်လာသည်။ မိုးပြာရောင် ကောင်းကင် နဂါးဘုရင်နှင့် သူကိုယ်တိုင်တို့၏ ကံကြမ္မာကြောင့် မဟုတ်ပဲ အင်မော်တယ် နဂါးမြို့တော်၏ တည်ရှိနေမှုသည် နဂါးများ အားလုံးတို့အား အရှက်ရစေ၍ ဖြစ်သည်။

မူလနဂါး ဘုရင်၏ တည်ငြိမ်နေသော လေသံအောက်တွင် တစ်ယောက်သည် အမျက်ပြင်းနေသော အရိပ်အယောင်များကို အာရုံခံမိနိုင်သည်။ "မင်းက မဟူရာပင်လယ်ကနေ ဘာဖြစ်လို့ ထွက်သွားတယ် ဆိုတာကို မမေ့နဲ့ဦး"

မြေနဂါးဘုရင်သည် ဟင်းလင်းပြင် အတွင်းသို့ စိုက်ကြည့်လိုက်၏။ မိုးပြာရောင် ကောင်းကင် နဂါးဘုရင် ဆင့်ခေါ်ထားသည့် မဟူရာ ပင်လယ်နှင့် ဆက်သွယ်ထားသော လမ်းကြောင်းသည် ဇူရီ၏ ဟန့်တားထားမှုကြောင့် အသုံးပြု၍ မရသေးပဲ ရပ်တန့်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now