၁၂၈၆ မှ ၁၂၉၀

166 10 0
                                    

စာစဥ် ၆၆ : အပိုင်း ၁၆

အပိုင်း ၁၂၈၆ : ပစ်မှတ် - အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မျိုးဆက် နည်းစနစ်

ကောကျုံးဟွမ်၏ ဧရာမ ပုံရိပ်သည် ဟင်းလင်းပြင် အတွင်းသို့ တက်လှမ်းလိုက်ကာ မြေပေါ်တွင် မာန အပြည့်နှင့် ရပ်လိုက်သည်။ သူ၏ မျက်လုံးများသည် ထိုအကြီးအကဲအား စိုက်ကြည့်နေရင်း လျှပ်စီးများနှင့် လင်းလက်လာသည်။

ချင်ပန်ကန်းက ပြောလိုက်သည်။ "စီနီယာကော... သူက ကျွန်တော့်ကို ဖမ်းဆီးခဲ့စဥ်က သူ့ရဲ့ ယုတ်မာတဲ့ အကြံအစည်ကို ပြောခဲ့တယ်... သူတို့က ကျွန်တော်တို့ဂိုဏ်းရဲ့ အခြေခံ နည်းစနစ် ဖြစ်တဲ့ မဟာကောင်းကင် တာအိုကျမ်းစာကို ခိုးယူချင်နေတာပဲ"

ချင်ပန်ကန်း၏ စကားများကို ကြားခဲ့ရသော အခါ ကောကျုံးဟွမ်သည် အမျက်ဒေါသ ထွက်သွား၏။ သူ၏ အကြည့်သည် ပို၍ စူးရှလာကာ မလှုပ်ရှားရသေးသော်လည်း သူ၏ စွမ်းအားများမှာ ပေါက်ကွဲထွက်လာ၍ အလွန်အမင်း ခက်ထန်လာခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည် တူညီသော ကျင့်ကြံမှု အဆင့်အတွင်းတွင် အခြားသူများထက် များစွာ အထက်တန်းကျသည်ဟု လူအများက သတ်မှတ်ခြင်း ခံထားရသည်။

ဤဂုဏ်သတင်းသည် လင်းဖုန်းက သူ့ဘာသာသူ တည်ဆောက်ထားခြင်း မဟုတ်ပေ။ ခရီးလမ်း တလျှောက်လုံးတွင် ရှောင်ယန်၊ ဇူရီနှင့် ကျန်သော ပထမမျိုးဆက် တပည့်များ အားလုံး၊ တန်ကျွင်း၊ ဟန်ရန်၊ ကျိုးယွင်ချုံးနှင့် ကျန်သော ဒုတိယမျိုးဆက် တပည့်များအားလုံး၊ ထို့အပြင် ကောကျုံးဟွမ်နှင့် ကျန်သော တတိယမျိုးဆက် တပည့်များ အားလုံးတို့က အတူတကွ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားနယ်မြေ အတွင်းတွင် ဟင်းလင်းပြင် ဘုရားကျောင်း၏ နည်းစနစ်များသည် အထက်တန်း အကျဆုံး ဖြစ်သည်ဟု အမြဲတစေ သတ်မှတ်ခြင်းကို ခံထားရသည်။ သို့သော်လည်း သူတို့ကပင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ နည်းစနစ်များနှင့် ယှဥ်လိုက်လျှင် အောက်ကျသည်ဟု ဝန်ခံခဲ့ရပေသည်။

နတ်ဘုရားနယ်မြေ အတွင်းတွင် လွန်ခဲ့သော အချိန်များကတည်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ မျိုးဆက် နည်းစနစ်များကို ခိုးယူလိုသောသူများ ရှိခဲ့ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now