၁၂၆၆ မှ ၁၂၇၀

267 20 0
                                    

စာစဥ် ၆၅ : အပိုင်း ၆

အပိုင်း ၁၂၆၆ : လင်းဖုန်းအောက်မှ သူရဲကောင်းများ

ဂူယွမ်ခိုင် အပြီးတွင် ကျန်သော ကျင့်ကြံသူများက တပြိုင်နက်တည်း ပြောလိုက်ကြသည်။ "ရွှမ်းမင် သူတော်စင်နဲ့ မြင့်မြတ်သော ယင်ယန် ဘုန်းတော်ကြီးကို နှုတ်ဆက်ပါတယ်"

ယန်ချင်သည် ကျောက်စိမ်းတိုကင်ကို ယူ၍ အားလုံးတို့အား ဦးညွှတ်လိုက်သည်။ "ချီးမွမ်းတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

သူသည် တစ်ယောက်တည်းသာ လာခဲ့သည့် အတွက် လင်းဖုန်း၏ ဘေးမှ ကြယ်တာရာ တစ်လုံးထံသို့ တစ်ယောက်တည်း ပြန်သွားခဲ့သည်။ သူသည် တည်ငြိမ်ကာ ခပ်တည်တည်ပင် နေနေခဲ့သည်။

အဝေး တစ်နေရာတွင် ဆဋ္ဌမမြောက် အလင်းတန်း လမ်းကြောင်းက လင်းလက်လာသည်။ ထိုလမ်းကြောင်း၏ အဆုံးတွင် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အသားမည်းမည်း ပိန်ပိန်ပါးပါးနှင့် လူငယ်တစ်ယောက် ရှိနေသည်။

သူ့အား ကြည့်ရသည်မှာ အလွန်အမင်း လေးနက်နေသည့်ပုံ ပေါ်နေ၏။ သူသည် လင်းဖုန်း၏ နံပါတ်ခြောက် တပည့်ဖြစ်သည့် လီယွမ်ဖန်းပင် ဖြစ်သည်။

လီယွမ်ဖန်း၏ အနောက်တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့် တစ်အုပ်စု ရှိနေသည်။ သူတို့သည် မြစ်ပြင်ဂေဟာမှ ဖြစ်ကြ၏။ တန်ယွင်ချင်းနှင့် ဒုတိယ မျိုးဆက်မှ ကျန်သော တပည့်များသည် မဟာလွင်တီးခေါင် ကုန်းမြေတွင် ရှိနေ၍ ယနေ့ လာရောက်ခဲ့ကြသည့် သူများသည် တတိယ မျိုးဆက်မှ တပည့်များပင် ဖြစ်သည်။

ကျန်သော စွမ်းအားစုများနှင့် ရင်းနှီး ကျွမ်းဝင်ကြသော သူမှာ ကြည့်၍ကောင်းသော လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် ဖြောင့်မတ်သောသူ တစ်ယောက်ဖြစ်သည်မှာ သိသာနေ၏။

သူသည် တန်ယွင်ချင်း၏ တပည့်ဖြစ်ကာ မြစ်ပြင်ဂေဟာမှ တတိယ မျိုးဆက် တပည့်များ အတွင်းတွင် အထူးချွန်ဆုံး တပည့်တစ်ယောက် ဖြစ်သည်။ သူ၏နာမည်သည် လင်းချွမ်ဖြစ်၍ သူ၏ တာအိုနာမည်မှာ ယွမ်ကန်း ဖြစ်သည်။

သူသည် စစ်ပွဲအတွင်းတွင် မိစ္ဆာများနှင့် တိုက်ခိုက်ရန် သွားရောက်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်များသည် အလွန်အမင်း အထင်ကြီးဖွယ်ရာ မကောင်းခဲ့သော်လည်း သူ့ဘေးမှ လူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now