အပိုင်း ၁၁၉၉-၁၂၀၀

220 19 0
                                    

စာစဥ် ၆၂ : အပိုင်း ၉

အပိုင်း ၁၁၉၉ : ဟေးဒီးစ်များနှင့် ဟင်းလင်းပြင် ဘုရားကျောင်းတို့၏ တိုက်ပွဲ

နတ်ဘုရားနယ်မြေ၏ အပေါ်မှ အလင်းတန်း မြောက်မြားစွာ ကျဆင်းလာကြသည်။ ထိုအခိုက်အတန့်တွင် မဟာကမ္ဘာ၏ စကြာဝဠာ တစ်ခုလုံးက သိမ်မွေ့၍ ဝေဝါးသော အလင်းတန်း တစ်ခုဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။

လူသားမျိုးနွယ်စု အတွင်းမှ ခေါင်းဆောင်များ အားလုံးတို့၏ အာရုံသည် အဖြူရောင် တိမ်တိုက်များဘက်သို့ ကျရောက်သွားကြသည်။

ထိုနေရာသည် နတ်ဘုရားနယ်မြေ စတင်ခဲ့ကတည်းက အမြဲတမ်း ကျော်ကြားခဲ့သော လူသားတို့၏ အသန့်ရှင်း အမွန်မြတ်ဆုံးသော နေရာဖြစ်သည်။

ထိုနေရာနှင့် ပတ်သတ်၍ အမြင်မည်သို့ ရှိစေကာမူ အားလုံးတို့သည် ယနေ့တိုင် တည်တံ့နေသော ဘယ်တော့မှ ညှိုးမှိန်မသွားသည့် သူတို့၏ ကြီးမားသည့် စွမ်းအားများကို အသိအမှတ်ပြုနေကြသည်။

ယခုအချိန်တွင် ပိုင်ယွင်တောင်သည် သူ၏ စွမ်းအားများကို စတင် ပြသနေကာ မိုင်ထောင်ပေါင်းများစွာ ပတ်ပတ်လည်မှ လေထုက တုန်ခါနေပြီး လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

အတွင်းလူများကသာ ဟင်းလင်းပြင် ဘုရားကျောင်း၏ အဓိက စွမ်းအားစုများသည် မဟူရာ ပင်လယ်အတွင်းတွင် ရှိနေကြပြီး လက်ရှိ ဟင်းလင်းပြင် ဘုရားကျောင်းသည် အခွံသက်သက်သာ ကျန်နေသည်ဟု သိထားကြသည်။

သို့တိုင်အောင် သူထုတ်ဖော်ပြသခဲ့သော ကြီးမားလှသည့် စွမ်းအားများသည် နတ်ဘုရားနယ်မြေမှ လူအားလုံးတို့အား အရိုးထဲအထိ တုန်လှုပ်စေခဲ့သည်။

ပိုင်ယွင်တောင်၏ အပေါ်တွင် လည်ပတ်နေသော ဧရာမ ဝင်္ကပါသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ အကာအကွယ် ဝင်္ကပါဖြစ်သည့် အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါပင် ဖြစ်သည်။

ထိုဧရာမ ဝင်္ကပါ၏ အလယ်တွင် အဖြူနှင့် အနက်ရောင် လေစီးကြောင်းများက အဆက်မပြတ် လည်ပတ်နေကာ စကြာဝဠာ အတွင်းရှိ ဟင်းလင်းပြင်မှ ကြယ်တာရာ ၁၂လုံးကဲ့သို့ လင်းလက်နေသည့် စက်လုံး၁၂လုံးကို မြင်နိုင်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)حيث تعيش القصص. اكتشف الآن