၁၃၂၉-၁၃၃၀

171 16 0
                                    

စာစဥ် ၆၈ : အပိုင်း ၁၉

အပိုင်း ၁၃၂၉ : လုံ့လဝီရိယ

စေတန်တံခါး အတွင်းမှ အနီနှင့် အနက် ကမ္ဘာအတွင်းတွင် လျှိုကြီးသည် တံခါးကို မှီရပ်နေရင်း သူ၏ အမူအရာသည် စိတ်ရှုပ်ထွေးနေမှုမှာ ကိုယ့်ကိုယ်ကိုယ် သရော်မှုနှင့် ခါးသီးမှုများ အဖြစ်သို့ ပြောင်းသွားခဲ့သည်။

"ငါ့ရဲ့ ကြမ္မာပန်းတိုင်" သူသည် ခါးသီးစွာဖြင့် သူ့ကိုယ်သူ ပြောလိုက်ပြီး သူ၏ခေါင်းကို ခါလိုက်သည်။

လင်းဖုန်းသည် ဟေးဒီးစ် မျိုးနွယ်စု အတွင်းမှ အစွမ်းအထက်ဆုံး အကြီးအကဲ တစ်ယောက်ဖြစ်သော ဗီပရာလိုပါ အဆင့်မှ မဟာမိစ္ဆာ ဟေးဒီးစ်ခုန်းယွမ်အား သတ်ဖြတ်ခဲ့သည်။ ရှီထျန်းဟောင်သည် ကမ္ဘာနှစ်ခု အကြားမှ စစ်ပွဲအတွင်းတွင် တံခါးအပြင်၌ ရှိနေသော ဟေးဒီးစ်နင်းဖန်အား သတ်ဖြတ်နိုင်လုနီးပါးအထိ ဖြစ်ခဲ့သည်။

သို့သော်လည်း လျှိုကြီးအနေဖြင့် သူတို့အား အမုန်းတရား အနည်းငယ်မျှ မပွားနိုင်ခဲ့ပေ။ သူတစ်ယောက်တည်း ရှိနေစဥ် အသေအချာ စဥ်းစားကြည့်ရာ စစ်ပွဲ၏ အမှန်တရားများကို နားလည်လာပြီး ဝမ်းနည်းလာခဲ့သည်။

သူ၏ လက်ရှိ ဟေးဒီးစ် ရုပ်ကိုယ်ခန္ဓာ အနေနှင့်ပင် ဟေးဒီးစ်ဧကရာဇ် ထျန်းဟိုင်၏ အရိုး အကြွင်းအကျန် အပြင် လင်းဖုန်းသည် ဟေးဒီးစ်ခုန်းယွမ်ထံမှ အဆီအနှစ်များကို ထုတ်ယူ ပေါင်းစည်းထားပေးခြင်း ဖြစ်သည်။

လျှိုကြီး၏ နှလုံးသား အတွင်း၌ မည်သူ့ကိုပို၍ အရေးပေးရမည်ဟူသော ခံစားချက်သည် လွန်စွာ ကြည်လင် ပြတ်သားနေခဲ့ပြီ ဖြစ်သည်။

သူ့ကိုယ်သူ ပြောနေသကဲ့သို့ သူ၏ လက်ရှိဘဝသည် သူ၏ စိတ်အခြေအနေ အပေါ်ကို များစွာ အကျိုးသက်ရောက်မှု ရှိ၍ လွှမ်းမိုးနိုင်ခဲ့သည်။ သူ၏ မူလရင်းမြစ် အကြောင်းကို ပြောရလျှင် သူသည် မွေးဖွားလာကတည်းက ထာဝရ ပြန်လည်ဝင်စားရန် အတွက် ကံပါလာခဲ့သည်။

သူ၏ ယခင်ဘဝမှ ဖခင်နှင့် မိခင်တို့ အပေါ် ခံစားချက် အနည်းငယ်တို့မှာ သူ၏ မိစ္ဆာဝိညာဥ် အတွင်းတွင် ခတ်နှိပ်ထားသော အရာများမှ လာခဲ့ခြင်း ဖြစ်၍ နေ့စဥ် ထိတွေ့ဆက်ဆံမှုများမှ အခြေခံလာခဲ့ခြင်း မဟုတ်ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now