၁၂၇၁ မှ ၁၂၇၅

266 18 0
                                    

စာစဥ် ၆၆ : အပိုင်း ၁

အပိုင်း ၁၂၇၁ : ဇူရီနှင့် ဇူဟုန်ဝူတို့ နောက်ဆုံးတွင် တွေ့ဆုံကြခြင်း

အလယ်ကမ္ဘာ အတွင်းမှ ထွက်လာသူမှာ မဟာကျိုး အင်ပါယာမှ မဟာသုခမိန် ဖြစ်သူ ရွှမ်ကျိအမတ် ဇူဟုန်ဝူပင် ဖြစ်သည်။

ဇူဟုန်ဝူအား တွေ့လိုက်ရသော အခါ မဟာကျိုး အင်ပါယာမှ ကျင့်ကြံသူများသည် သူ့အား မိန်းမော တွေဝေစွာဖြင့် ကြည့်လိုက်ကြသည်။

ဇူဟုန်ဝူသည် မြေပြင်ညီပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ဟင်းလင်းပြင် အတွင်းမှ တည်ငြိမ်စွာဖြင့် ထွက်လာခဲ့သည်။ သို့သော်လည်း သူ၏ အရှိန်အဝါနှင့် သိုင်းလမ်းစဥ် ကျင့်ကြံသူ တစ်ယောက်နှင့် အတူ ပါလာသည့် စွမ်းအားများကို မဖော်ပြခဲ့ပေ။

သူသည် သူ၏ အင်မော်တယ် ဝိညာဥ်အား လူသားပုံစံ အဖြစ် ပြောင်းလဲထားခြင်း မရှိချေ။ ထို့အစား သူ၏ အင်မော်တယ် ဝိညာဥ်နှင့် အသွေးအသားများကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ ယခုသူ၏ ပုံရိပ်သည် သူ၏ အစစ်အမှန် အသွေးအသား ခန္ဓာကိုယ်ပင် ဖြစ်၏။

သို့သော်လည်း သူ့အား မည်သည့် မှော်စွမ်းအင်နှင့် စိတ်ဝိညာဥ် စွမ်းအင်တို့ဖြင့် ထောက်ပံ့ထားခြင်း မရှိနေပေ။ အရာအားလုံးတို့သည် ပုံမှန်အတိုင်းသာ ထင်နေရသော်လည်း တစ်ယောက်သည် အနီးကပ် ကြည့်လိုက်မှသာ သူ့သည် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသည်ကို တွေ့ရမည် ဖြစ်သည်။

သူသည် မဟာကျိုး အင်ပါယာမှ ကျင့်ကြံသူများ အားလုံးတို့ကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

သူ၏ တည်ငြိမ်နေသော အသက်ရှူသံနှင့် အတူ တစ်ခေါက် အသက် ရှူသွင်းရှူထုတ် လုပ်လိုက်တိုင်း သူ့ခန္ဓာကိုယ် အတွင်းတွင် စကြာဝဠာ အသေးစားတစ်ခု ပေါ်လာ၍ ပျက်စီးသွားသည်ဟု ထင်နေရသည်။

ဇူဟုန်ဝူသည် ယခုအချိန်တွင် အလွန်အမင်း လေးနက်နေသည့်ပုံ ပေါက်နေသည်။ သူသည် မားမားမတ်မတ် ရပ်နေရင်း သူ၏နားထင် တစ်ဘက်တစ်ချက်မှ ကျနေသော ဆံနွယ်နှစ်တန်းသည် အနည်းငယ် ဖြူနေသည်။ သို့သော်လည်း သူသည် အသက်ကြီးနေသည့်ပုံ ပေါက်မနေချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now