အပိုင်း ၁၄၆၄ : မျောက်၊ မျောက်၊ မျောက်

129 16 1
                                    

စာစဥ် ၇၅ : အပိုင်း ၁၄

အပိုင်း ၁၄၆၄ : မျောက်၊ မျောက်၊ မျောက်

ရှန်းယွမ်သည် ဆာဟာပန်းများ အကြားမှ ခုန်ထွက်လာ၍ သူ့အရှေ့သို့ ရောက်လာသည်ကို တွေ့ခဲ့ရသော အခါ သကျမုနိသည် သူ၏ခေါင်းကို အနည်းငယ် ခါလိုက်သည်။

ကမ္မသုံးမျိုး ကျိန်စာ၏ အစွမ်းသည် သိပ်မထိရောက်သဖြင့် သူက အသုံး မပြုခဲ့ပေ။

ရှန်းယွမ်၏ အဆင့်တွင် အစွန်းရောက် စိတ်ဝိညာဥ် နတ်မျောက်တို့၏ ကောင်းကင် မျက်လုံးနှင့် နားတို့သည် အလွန်အမင်းကို အစွမ်းထက်နေကြပြီ ဖြစ်သည်။ သူ၏ ကောင်းကင်နားများသည် အတိတ်အား နားထောင်နိုင်စွမ်း ရှိ၍ သူ၏ ကောင်းကင် မျက်လုံးများသည် သူ့အား အနာဂတ်၏ ပြောင်းလဲမှုများကို မြင်နိုင်သည့် အမြင်ကို ပေးစွမ်းနိုင်စွမ်း ရှိသည်။

သူ၏ အရာအားလုံးတို့အား နားလည်မှုသည် အလွန် မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိသွားပြီ ဖြစ်၍ ဗုဒ္ဓ၏ ဘဝသုံးမျိုး ကျိန်စာ သို့မဟုတ် လင်းဖုန်း၏ တာအိုသစ်သီးတို့အား မယှဥ်နိုင်လျှင်ပင် အလွန် နက်ရှိုင်းနေပြီ ဖြစ်သည်။

ရှန်းယွမ်အား ဒုက္ခပေးနိုင်သည့် ကမ္မ၏ အကျိုးသက်ရောက်မှုများသည် လွန်စွာ အကန့်အသတ် ရှိ၍ သူ့အား လုံလောက်အောင် နှောင့်ယှက်နိုင်မည် မဟုတ်ပဲ ရွှမ်ဆန်း အပေါ်၌သာ ပို၍ အကျိုးသက်ရောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့်ပင် သကျမုနိသည် လုံးဝ တွေဝေနေခြင်း မရှိပဲ ရှန်းယွမ်ထံသို့ သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ၏ လက်ဝါးအား ထုတ်လွှတ်လိုက်သော အခါ မှော်ကျိန်စာများ အားလုံးတို့သည် ဆက်လက်၍ တည်ရှိနိုင်စွမ်း မရှိတော့ပဲ ကောင်းကင်နှင့် မြေကြီးတို့က ဗလာဖြစ်သွားခဲ့သည်။

ဗီရိုကာနာ ဇန်လက်ဝါး။

ရှန်းယွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်၍ သူ၏ အစစ်အမှန် ပုံစံကို ဖော်ပြလိုက်ကာ ဗုဒ္ဓ၏ လက်ဝါးအား သူ၏ လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။

ရှန်းယွမ်၏ ခန္ဓာကိုယ်ပေါ်မှ အမွေးများ အားလုံးတို့သည် ထောင်လာခဲ့၍ အမွေး တစ်မျှင်တိုင်းသည် ကောင်းကင်တိုင်လုံး တစ်ခုနှင့် တူနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now