အပိုင်း ၁၁၆၅-၁၁၆၆

239 16 0
                                    

စာစဥ် ၆၀ : အပိုင်း ၁၅

အပိုင်း ၁၁၆၅ : ဟေးဒီးစ်တို့ ပြန်ပေါ်လာခြင်း

ပထမအကြိမ် တိုက်ခိုက်အပြီးတွင် လူသားမျိုးနွယ်စုတို့က ပြန်လည် တော်လှန်နိုင်ခဲ့ကာ နတ်ဘုရားနယ်မြေ အတွင်းမှ တိုက်ပွဲများကို မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းသို့ လိုက်လံ၍ တိုက်ခိုက်နိုင်ခဲ့ကြသည်။ တိုက်ပွဲ၏ အဓိက စစ်မြေပြင်မှာ မိစ္ဆာတို့၏ နယ်မြေအတွင်းတွင် ဖြစ်သည်။

ကမ္ဘာနှစ်ခု အကြားမှ စစ်ပွဲ၏ အခြေအနေသည် လွန်စွာမှ ရှုပ်ထွေးနေ၍ အားလုံးတို့သည် သူတို့၏ ကိုယ်ပိုင်စွမ်းရည်များ အပေါ်တွင် မူတည်၍ တတ်နိုင်သလောက် အမြတ်ရရှိနိုင်ရန် ကြိုးစားနေခဲ့ကြသည်။

အတိတ်ကာလမှ ဒွိဟများနှင့် အမိန့်များအား သူတို့၏ ခေါင်းအတွင်းမှ ထုတ်ထားကြသည်။

ကျင့်ကြံမှု အဆင့်မြင့်သော တစ်စုံတစ်ယောက်နှင့် အဆင့်နိမ့်သော တစ်စုံတစ်ယောက်တို့ တွေ့ဆုံကြသောအခါ သတ်ဖြတ်မှုများက မလွဲမသွေ ဖြစ်လာကြသည်။သို့သော်လည်း ကျင့်ကြံမှု အဆင့်အတန်း မြင့်လာလေလေ ကျင့်ကြံသူ အရေအတွက်က နည်းလာလေလေ ဖြစ်နေသောကြောင့် အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့၍ မည်သူကမှ အသာစီး မရနိုင်ခဲ့ပေ။

ကမ္ဘာနှစ်ခု အကြားမှ စစ်ပွဲ၏ အခြေအနေသည် လွန်စွာမှ ကစဥ့်ကလျား ဖြစ်နေသော်လည်း ထိပ်ပိုင်းမှ လူများ၏ စဥ်းစားသုံးသပ်နိုင်စွမ်းများ ပျောက်သွားသည်ဟု မဆိုလိုပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျင့်ကြံမှု အဆင့်နိမ်သူများက ပိုမို၍ ပြင်းထန်စွာ တိုက်ခိုက်ကြမည် ဖြစ်သည်။ အစွမ်းထက်သူသော ကျင့်ကြံသူများ တိုက်ခိုက်နေကြသော စစ်မြေပြင်များနှင့် အဝေးတွင် ကျန်သော စစ်မြေပြင်သည် ပို၍ ပြင်းထန်သော တိုက်ပွဲများနှင့် ပြည့်နေ၏။

မဟာလွင်တီးခေါင် ကုန်းမြေနှင့် နတ်ဘုရားနယ်မြေ၏ တောင်ပိုင်း တောရိုင်းဒေသအား ဆက်သွယ်ထားသော နယ်နိမိတ် လမ်းကြောင်းသည် ယခုအချိန်တွင် လူသားတို့၏ ထိန်းချုပ်မှုအောက်ကို ကျရောက်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now