၁၃၄၇-၁၃၄၈

169 15 0
                                    

စာစဥ် ၆၉ : အပိုင်း ၁၇

အပိုင်း ၁၃၄၇ : ငါလုပ်ချင်လို့ လုပ်ခဲ့တာ

ဤခဏ၌ပင် အားလုံးတို့သည် အလင်းတန်း ပုံရိပ်အပေါ်သို့ သူတို့၏ အာရုံများကို စိုက်ထားခဲ့သည်။ သို့သော်လည်း လင်းဖုန်းနှင့် ကြမ္မာပန်းတိုင် ခေါင်းလောင်းတို့အပြင် တစ်ယောက်ကမှ သူတို့၏ မြင်ကွင်းအတွင်းသို့ ပေါ်မလာခဲ့ပေ။

ပြီးတာနှင့် သူတို့သည် လင်းဖုန်း၏ တီးတိုး ရေရွတ်သံအား ကြားလိုက်ရ၏။ "ခင်ဗျားတို့ အားလုံးဟာ ဒီကနေ့မှာ ကျုပ်တို့ဂိုဏ်းရဲ့ နောက်ထပ် တပည့်တစ်ယောက် လက်ခံခြင်း အခမ်းအနားကို ကြည့်ရှုခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်"

သူသည် နောက်လှည့်လိုက်၍ ကြမ္မာပန်းတိုင် ခေါင်းလောင်းအား ညင်သာစွာဖြင့် တီးလိုက်ရာ ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ အရှေ့တွင် 'ယောင်'ဟူသော စကားလုံး ခတ်နှိပ်ထားသော ကျောက်စိမ်းပြား တစ်ချပ် လွင့်မျောလာခဲ့သည်။

"သူ့ရဲ့ နာမည်ဟာ လျှိုကြီးဟေးဒီးစ် ဖြစ်တယ်"

ဤစကားကို ကြားလိုက်ရသော အခါ အသေအချာ အာရုံစူးစိုက်နေကြသော လူအုပ်ကြီးသည် မယုံနိုင်အောင် အံ့ဩ မှင်သက်သွားကြကာ အချိန် အတော်ကြာသည်အထိ သတိပြန်မဝင်လာကြပေ။

မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်တွင် မင်းသားယူရှမ်းသည် သူ၏ခေါင်းကို ကသိကအောက် ဖြစ်စွာဖြင့် ခါလိုက်ပြီး တော်ဝင်အိမ်တော် သခင်နှင့် တော်ဝင်အိမ်တော် ဘုန်းတော်ကြီးတို့အား ကြည့်လိုက်သည်။ "လျှိုကြီးဟေးဒီးစ်… ဒါက မိစ္ဆာတစ်ကောင်ရဲ့ နာမည် မဟုတ်လား… သူက ဟေးဒီးစ် မျိုးနွယ်စုဝင် တစ်ယောက် မဟုတ်ဘူးလား"

တော်ဝင်အိမ်တော် သခင်နှင့် တော်ဝင်အိမ်တော် ဘုန်းတော်ကြီးတို့သည် အချင်းချင်း ကြည့်လိုက်ကြကာ ကြိုးစား၍ ပြုံးလိုက်ကြသည်။ နတ်ဘုရားနယ်မြေ အတွင်းတွင် လတ်တလော ပျံ့နှံ့နေသည့် ကောလဟာလ များသည် မမှားနေရုံသာ မကပဲ လိုပင် လိုနေသေးသည်ဟု ထင်နေရသည်။

ထို့ကြောင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က ဤသတင်းကို ကိုယ်တိုင်ကိုယ်ကျ ကြေညာခဲ့သော အခါ အားလုံးတို့က အံ့ဩ တုန်လှုပ်သွားကြခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now