Chapter 83

241 19 3
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(83)


"ငါဒီနေ့ ဘာကိုလုပ်ရမလဲ...."
ကျန်းရှောင်ယွဲ့ က သူမလက်ထဲမှ ချက်ပြုတ်နည်း စာအုပ်ကို လှန်ကြည့်ကာ စျေးကိုဦးတည်ကာ ထွက်သွားသည်။

သူမ၏ ပါးပြင်လေးပေါ်ကို လက်လေးဖြင့်ထောက်ကာ သူမလေး၏ လှပသော မျက်ခုံးများက တွန့်ကွေးသွားသည်။ သူမအတွက် အစားအသောက် ပစ္စည်းများကို ဝယ်ယူခြင်း နှင့် ချက်ပြုတ်ခြင်းတို့က မယုံနိုင်လောက်အောင်ပင် ခက်ခဲသော အလုပ်များဖြစ်သည့် အတွက် သူမက ဂရုစိုက်ကာ ကြည့်နေသည်။

"ငါ...လွယ်တာ တစ်ခုခုကို လုပ်ရမယ်...၊မဟုတ်ရင် ကြပ်မပြည့်တဲ့ အရူးအစုတ်ပလုပ် ဆိုင်ရှင်က သူ့ကို နှောက်ယှက်ပါတယ်ဆိုပြီး ငါ့ကိုမောင်းထုတ်မှာ သေချာတယ်...."
နောက်ဆုံးတော့ ကျန်းရှောင်ယွဲ့ က ဟင်းချက်နည်း စာအုပ်ထဲမှ ချက်ရလွယ်ကူသည့် ဟင်းပွဲအနည်းငယ်ကို ရွေးကာ ပါဝင်ပစ္စည်း များကို စတင်၍ စာရင်းပြုစုလိုက်သည်။

မကြာမှီ...သူမက ကုန်စုံဆိုင်အပြင်ဘက် ခပ်လှမ်းလှမ်း သို့ ရောက်လာခဲ့သည်။

" သားကောင်က ထောင်ချောက်ထဲကို ဝင်ဖို့ ခြေလှမ်း၃၀ပဲ လိုတယ်...အနက်ရောင်လေးတွေ အသင့်ပြင်...."

"သားကောင် က ထောင်ချောက်ထဲကိုဝင်ဖို့ ခြေလှမ်း ၁၅လှမ်းအလို....စွမ်းအင်ပိတ်ဆို့ ပိုက်ကွန် အသင့်ပြင်..."

"ဒီနေ့ ဘာကြောင့်တိတ်ဆိတ်နေတာလဲ...."
ကျန်းရှောင်ယွဲ့ ကသူမ၏ ဟင်းချက်နည်းစာအုပ်ကို ပိတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက် သည်။ ထိုအခါမှသာ သူ့တစ်ယောက်တည်း လမ်းပေါ်နေပြီး လမ်းလျှောက်သူတစ်ဦး တစ်ယောက်မျှ မတွေ့ရကြောင်း ကို သူမ သတိပြုမိလိုက်သည်။
"ဒါ...က အရမ်းထူးဆန်းတယ်..."

ရုတ်တရက် ....ချောက်ချားဖွယ်ရာ လေပြေတစ်ခုက သူမကို ဖြတ်တိုက်သွားသည်။
ထို့နောက် ငွေရောင်လက်ခနဲ့ဖြစ်သွားကာ တောက်ပပြီး ကြီးမားသည့် ပိုက်ကွန်တစ်ခုက သူမအပေါ်ကို ကျလာ သူမကို တင်းကျပ်စွာ တုပ်နှောင်သွားသည်။ ထို ငွေရောင်ပိုက်ကွန်ကား အလွန်ထူးဆန်းကာ သူမ ပိုပြီးရုန်းကန်လေလေ ပိုပြီး တင်းကြပ်လာလေလေ ဖြစ်နေသည်။

Chegaste ao fim dos capítulos publicados.

⏰ Última atualização: May 03, 2023 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Onde as histórias ganham vida. Descobre agora