Chapter 77

73 10 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(77)


"အား....ဆိုင်ပိတ်ချိန်က ရောက်သွားပြီလား... "

"ငါ သေချာ မကြည့်ရသေးဘူးလေ..."

ဂိမ်းထဲကို စိတ်ဝင်စားလာပြီး လူအုပ်ကား ပျော်ရွင်စွာ ကြည့်နေချိန် ဖန့်ချီက ဆိုင်ပိတ်ချိန်ရောက်ပြီ ဖြစ်၍ ဆိုင်ကို ပိတ်သိမ်းလိုက်သည်နှင့် အားလုံးမှာ မပျော်မရွင် ဖြစ်သွားသည်။

ဆိုင်တံခါးကို သော့ခတ်ပြီး သူ့ကို လက်ဝှေ့ရမ်းပြနေသည့် ဖန့်ချီကို ကြည့်ပြီး အန်းချန်က သူ့သူငယ်ချင်း များကို ပြောသည်။
"ငါ ဒီဆိုင်ကို တစ်ကယ်ကြီးကို တစစီဖြစ်အောင် ရိုက်ခွဲခြင်နေပြီ...."

"ဟား​ဟား.... သွားလုပ်လိုက်လေ..."
အိုးယန်ချန် က ရယ်မောကာ သူ့ကို မြှောက်ပေးသည်။

အန်းချန် က သူ့ထက်သန်မာသော ကျင့်ကြံသူတွေကိုပင် အကသင်ပေးသည့် လျှပ်စီးအပြစ်ဒဏ် အကြောင်းကို တွေးလိုက်မိပြီး မျက်နှာ မှာ ရှုံ့မဲ့သွားကာ-
"မေ့လိုက်တော့... ငါ မနက်ဖြန်ကြ ပြန်လာရမှာပဲ..."

"မိန်းကလေး နလန်..... ကျွန်မ အခုချိန်မှာ ဆန္ဒရှိတာကလေ ကျွန်မတို့ အချိန် နည်းနည်းလောက် လေးပဲ ထပ်ကြည့်ခြင်နေမိတယ်...."

လန်ယန် က လမ်းလျှောက်နေရာမှ စောဒတက်လိုက်သည်။

"စောက်ရူး ဆိုင်ရှင်...အစုတ်ပလုတ် ဆိုင်ရှင်.... သူက ချက်ချင်းကို ပိတ်ပစ်တာပဲ...."

"အင်း..."
နလန်မင်ရွယ် က ခေါင်းငြိမ့်လိုက်သည်။
"လာပါ....မနက်ဖြန်ကြရင် စောစော လာကြတာပေါ့..."

" အင်ပါရီယာ ဓားက လေနဲ့အတူရောက်လာတယ်.....၊ ကောင်းကင် နှင့် မြေကြီးဆီကနေ မကောင်းဆိုးဝါး တွေကို သုတ်သင်မယ်၊ အကယ်၍ ငါ့လက်ထဲမှာသေရည် ရှိရင် ပျော်ရွင်ရတယ် ဒါပေမယ့် လူရမ်းကား အလုပ်ကို ငါမလုပ်ဘူး..."

"ငါက ရေကန် နဲ့ မြစ်တွေကို သောက်သုံးပြီး​တော့ နေ နှင့် လကို ဝါးမြိုပစ်မယ်...
ထောင်ချီတဲ့ သေရည်ဗူးတွေသာ ကုန်ပြီး လဲကျသွားမယ်...လုံးဝမလဲကျဘဲ ရပ်နေတဲ့ တစ်ယောက်တည်းသော လူပဲ....
ငါက အရက်မူးဓားအင်မော်တယ် ပဲ.."

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Onde histórias criam vida. Descubra agora