Chapter 62

177 30 0
                                    

"ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ်"

အပိုင်း-(62)


R.E ပထမတွဲ ကို အောင်မြင်ထားသည့် ကစားသမားဟောင်း ထဲတွင် နလန်မင်ရွယ် လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ သို့သော်လည်း ..လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များကြောင့် သူမလေးမှာ တစ်ချိန်လုံး အိမ်ထဲတွင် နားနေကာ ယနေ့အထိ ထိုနေရာမှ မထွက်ခွာရသေးချေ။

သူမက ဂုဏ်သရေကြီးမားသည့် မိသားစုက မွေးဖွားလာသူ ဖြစ်သော်လည်း သူမက အမြဲတမ်း နိမ့်ချသူ ဖြစ်သည်။

သို့သော်လည်း... သူမက ဒီနေ့ သူမ၏ ဂုဏ်ပုဒ် များကို ဖုံးကွယ်မနေဘဲ.. ဖန့်ချီ ၏ ဆိုင်ကို လှည်းဖြင့်ရောက်လာခဲ့သည်။

သူမ၏ မျက်နှာကား ဖြူဖျော့နေဆဲ ဖြစ်ကာ...သူမက တံခါးကို ဖြတ်ကာဝင်လာသည် ကို ကျန်းရှောင်ယွဲ့ က မြင်ကာ တုန်လှုပ်သွားခဲ့သည်။

' သူတို့က ဒီကို နေမကောင်း ဖြစ်နေတာကို ဘာလို့ လာတာလဲ..´

နလန်မင်ရွယ် က အချိန်အနည်းငယ် ကြာအောင် ဒီကို မလာခဲ့ပေ။ ထို့ကြောင့် ဆိုင်၏ အပြင်ဘက်တွင် ခါတိုင်းနဲ့ တူညီနေသော်လည်း ဆိုင်၏ အတွင်းပိုင်းများက ခါတိုင်းနှင့်မတူ တမူထူးခြား ကွဲပြားခြားနားကြောင်းကို သူမ သတိပြုမိသည်။

ဥပမာ အားဖြင့်, သူမက ဆိုင်ထဲ ဝင်လာသည်နှင့်၊ မကြာမှီ စားပွဲခုံ ရှေ့တွင် ချစ်စရာကောင်းသည့် လိုလီ လေး ထိုင်နေတာကို တွေ့လိုက်သည်။ ထို့အပြင်.... ထို လိုလီလေးက သူမကို လေးလေးနက်နက် ကြည့်နေပေသည်။

"ဟမ့်...ဆိုင်ရှင်က ဘယ်မှာလဲ.... "
လန်ယန်က ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နောက်ဆုံးတော့ ကစားသမားများ အကြား ရောနှောကာ ပုန်းနေသလို ဖြစ်နေသည့် ဖန့်ချီကို တွေ့လိုက်သည်။ 

"မိန်းကလေး နလန်...ဒီမှာ...."
လန်ယန်၏ မျက်လုံးများက ဝင်းပလာကာ နလန်မင်ရွယ် နဲ့အတူ အမြန်သွားလိုက်သည်။

' သူတို့က ဘယ်လိုတွေတောင်များ ငါ့လို မင်းသမီး တစ်ပါးကို လျစ်လျူရှူ ရဲ,ရတာလဲ..´
ကျန်းရှောင်ယွဲ့ မှာ အရေးကြီးသည့် ပျက်စီးမှု (damage ) အမှတ်10,000 လောက်ကို ခံလိုက်ရသလို ခံစားလိုက်ရသည်။
(စွဖတ်တောင် အလုပ်မခံရသော ကလေးမလေး..ငိငိ)

ကျင့်ကြံရေးကမ္ဘာမှအင်တာနက်ကဖေးစနစ်(ဘာသာပြန်)Where stories live. Discover now